Main menu

Background

နိုင်ငံခြားသင်္ဘောများ ကား လာရောက်လျှောက်ထားနေပြီ

Sun, 01/15/2012 - 08:57 -- Anonymous (not verified)

ဆီစားသက်သာပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့ချပေးနိုင်သည့် ၁၃၅၀ CC နှင့် အောက် တင်သွင်းပါက Model Year  ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၀၀ ဖြင့် လျောက်ထားနိုင်ပြီး ၂၀၁၁-၂၁၂ Model Year ဖြင့် လျှောက်ထားမည် ဆိုပါကလည်း ရမည် ဖြစ်သည်။ထို့ပြင် ၁၃၅၀ CC နှင့် အောက် မော်တောယာဉ်များကို ကနဦး မှတ်ပုံတင်ကြေး ၃၀ ရာခိုင်နှုန်း လျှော့ပေါ့ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီသည်   ကား အဟောင်းလဲလှယ်ကာ အစားထိုးမော် တော်ယာဉ်   တင်သွင်းမည့်သူများကို လူစီးကား၊ ထရပ်ကား၊ ဘတ်စ်ကား များ၏ ထုတ်လုပ်သည့်ခုနှစ် သတ်မှတ် ချက်ကို ၁၉၉၆ ခုနှစ်မှ ၂၀၀၆ ခုနှစ် အထိသတ်မှတ်၍  ယခင်ခွင့်ပြုထား သည့်အတိုင်း ဘယ်မောင်း/ညာမောင်း မခွဲခြားဘဲ  Reconditioned/Brand New   မော်တော်ကားများကို ဇန်နဝါရီ လ ၂ ရက်မှစတင်ကာ တင်သွင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။အစားထိုးမော်တော်ယာဉ် လဲလှယ် ရေးအစီအစဉ်အရ တင်သွင်းခွင့်ပြုမည့် အင်ဂျင်ပါဝါ  ၁၃၅၀ CC နှင့်အောက် မော်တော်ကားများကို ၁၉၉၆ ခုနှစ်မှ လက်ရှိ  Model Year  အထိ  Model ကန့်သတ်ချက်မထားဘဲ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၅၀၀၀ ဖြင့် ခွင့်ပြုသွား မည်ဖြစ်သည်။နိုင်ငံတော်သမ္မတ၏    နောင်တွင် လူတိုင်းလူတိုင်း    ကားစီးနိုင်သည့် အဆင့်အထိဖြစ်လာစေရန် လမ်းညွှန် ချက်နှင့်အညီ ယခုအခါ ပို့ကုန်/သွင်း ကုန်ကုမ္ပဏီများ၊ ကျောက်မျက်ကုမ္ပဏီ များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း များ၊ နိုင်ငံခြားသင်္ဘောသားများ၊ ပြည်ပ တွင်တရားဝင်  အလုပ်လုပ်ကိုင်နေသူ များ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကုမ္ပဏီများမှ မော်တော်ယာဉ် တင်သွင်းခွင့်  လျှောက်ထားလာမှုကို ၂၀၀၇ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း ထုတ်လုပ်သောလူစီးကားများကို ဘယ် မောင်း/ညာမောင်း  မသတ်မှတ်ဘဲ တင်သွင်းခွင့်  ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ထို့သို့ Model Year   ကို ၂၀၀၇ ခုနှစ် မှစတင်၍ Model   အမြင့်သတ်မှတ်ရ ခြင်းမှာ နောင်တွင် နိုင်ငံအတွင်းတွင် ကားအဟောင်းများ စုပုံလာနိုင်သော ကြောင့်ဖြစ်ကြောင်း ကုန်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။  သို့ သော် ဆီစားသက်သာပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု   လျှော့ချပေးနိုင်သည့် ၁၃၅၀ ဃဃနှင့်အောက် မော်တော်ယာဉ် များအားတင်သွင်းပါကModel Year   ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တန်ဖိုး အမေရိကန်ဒေါ်လာ   ၅၀၀၀ ဖြင့် လျှောက်ထားနိုင်ပြီး ၂၀၁၁-၂၀၁၂ Model Year   ဖြင့် လျှောက်ထားမည် ဆိုပါကလည်း    လက်ရှိပေါက်ဈေး အတိုင်း လျှောက်ထားရမည်ဖြစ်သည်။ ထို့ပြင် ၁၃၅၀ CC နှင့်အောက် မော် တော်ယာဉ်များကို ကနဦး မှတ်ပုံတင် ကြေး ၃၀ ရာခိုင်နှုန်း လျှော့ပေါ့ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။ကားတင်သွင်းရာတွင် လိုအပ်သော လုပ်ထုံးလုပ်နည်းများ၊ ကားတင်သွင်း မည့်သူသိရှိရမည့်အချက်များ၊ တင်သွင်း ခွင့်ပြုသည့် မော်တော်ယာဉ်ဈေးနှုန်း များ၊ လူစီးမော်တော်ယာဉ်ဈေးနှုန်းများ (Reconditioned) နှင့် လူစီးမော် တော်ယာဉ် Sub-Brand  အလိုက်ဈေး နှုန်းများ (Reconditioned) ကို စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ Website  ဖြစ်သာ  www. commerce.gov.mm  တွင် အသေး စိတ် ဖတ်ရှုနိုင်ပါသည်။ သတ်မှတ်ထားသော  ယာဉ်အုပ်စု တွင်မပါဝင်ဘဲBrand Name   အသစ် ဖြင့် လျှောက်ထားလာသော ယာဉ်များ ဖြစ်ပါကလည်း  Internet  အထောက် အထားများဖြင့် နေ့စဉ်ပြုလုပ်သည့်EICC  အစည်းအဝေးသို့ တင်ပြပြီးလျှင် ခွင့်ပြု  ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ဇန်နဝါရီ ၁၃ ရက် တစ်နေ့တည်း တွင်  သင်္ဘောသားများ ကားပါမစ် လျှောက်ထားလာမှုမှာ စောင်ရေ ၁၅ စီးရှိပြီဖြစ်ပြီး  ထို ၁၅ စီးအနက် ၁၁ စီးသည် ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်းထုတ်လုပ်သည့် Toyota Belta နှင့် Toyota Vitz    အမျိုးအစား ၁၃၅၀ ဃဃ နှင့်အောက် မော်တော် ယာဉ်များဖြစ်ပြီး ကျန်လေးစီးမှာ ၂၀၀၉ ခုနှစ်ထုတ် Toyota Mark-X ၊  Toyota Raum နှင့် Toyota ISIS   အမျိုးအစား  အမြင့်ကားများဖြစ် ကြောင်းသတင်းရရှိပါသည်။  တင်သွင်း မည့်နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်သည်။သက်တမ်းလွန် မော်တော်ယာဉ်များ အပ်နှံပြီး အစားထိုးတင်သွင်းရန်အတွက် သွင်းကုန်ပါမစ်များ  ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ စတင်ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ ကာလအတွင်း စုစုပေါင်း ကားတင်သွင်းရန် ပါမစ် ၁၈၉၂၆ စောင်  ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။    အေးမွန်မွန်လှိုင်