ယခုတစ်ပတ်မှာ မတ်ပဲပြည်ပတင်ပို့မှုက ပုံမှန်အနေအထားကို ရောက်ရှိ လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၃၃၀၀ ခန့်သာ တင်ပို့မှုရှိခဲ့ရာမှ ဇန်နဝါ ရီလ ၂ ရက်မှ ၆ ရက်အတွင်းမှာတော့ တန် ၅၀၀၀ ကျော်ထိ ပြန်တင်ပို့လာနိုင်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ဇန်နဝါရီလ ၁၀ ရက်နေ့အထိ စုစုပေါင်း မတ်ပဲတင်ပို့မှု တန်ချိန် ၄၉၄၀၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ သန်းပေါင်း ၄၁၀ နီးပါး ရရှိထားကြောင်း သက်ဆိုင်ရာစာရင်းများအရ သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာတော့ တန်ချိန် ၃၅၈၀၀၀ ကျော်တင်ပို့ခြင်းမှ ဝင်ငွေရရှိမှုမှာ ကန်ဒေါ်လာ ၃၆၅ သန်းခန့် ရှိကြောင်း သိရ ပါတယ်။ လက်ရှိအရောင်းအဝယ်အခြေအနေအရ လာမယ့်သီတင်းပတ်မှာ မတ်ပဲ တင်ပို့မှု ပုံမှန်သာရှိနိုင်ကြောင်း ခန့်မှန်းရပါတယ်။MIRT - MAPT
Background