ပြည်ပဲဈေးကွက်သို့ မကွေးတိုင်းဒေသကြီး ကံမဘက်မှ မတ်ပဲသစ်များ တစ်နေ့ ကို အိတ် ၂၀-၃၀ ခန့်ဝင်လာပြီး၊ မတ်ပဲအသစ်တစ်တင်းကို ၁၄၀၀၀ ကျပ်ဈေးရှိ တယ်လို့ သိရပါတယ်။ ပဲသစ်အဝင်ရှိပေမဲ့ အရောင်းအဝယ်ကတော့ မဖြစ်သေးဘူး လို့သိရပါတယ်။ ဈေးကွက်အတွင်း လက်ကျန်ပဲတွေကို ထုတ်ရောင်းလျက်ရှိတာ ကြောင့် ရန်ကုန်ဝယ်လက်တွေ ဝယ်သလောက် အရောင်းအဝယ်ဖြစ်တယ်လို့ ပဲကုန် သည်တစ်ဦးကပြောပါတယ်။ ပြည်မှရန်ကုန်ဘုရင့်နောင်သို့ တစ်နေ့ကို အိတ် ၁၇၀၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ မိမိအေး
Background