Main menu

Background

ပဲစင်းငုံတင်ပို့မှု အရှိန်ကောင်းလာ

Sun, 01/15/2012 - 09:24 -- Anonymous (not verified)

      ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု အရှိန်ကောင်းလာနေပါပြီ။ ယခင် တစ်ပတ်က တန်ချိန် ၇၈၀၀ ကျော်တင်ပို့နိုင်သလို ယခုတစ်ပတ် (ဇန်နဝါရီလ ၂ ရက်-၆ ရက်) အတွင်းမှာလည်း တန်ချိန် ၇၉၀၀ နီးပါး တင်ပို့လာနိုင်တာ တွေ့ရပါ တယ်။ တင်ပို့တဲ့ပဲတွေထဲမှာ ပဲအဟောင်းရော အသစ်တွေပါတင်နေပြီလို့ သိရပါ တယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ရဲ့ ဇန်နဝါရီ ၁၀ ရက်အထိ ပဲစင်းငုံတင်ပို့မှု ဟာ တန်ချိန် ၂၀၆၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာကန်ဒေါ်လာ ၁၂၅ သန်းကျော်ရရှိထား ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ တန်ချိန် ၈၂၄၀၀ ကျော်သာတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၇၃ သန်း ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း ပဲစင်းငုံတင်ပို့မှု ပိုမိုအားကောင်းလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။  MIRT - MAPT