Main menu

Background

ပဲစင်းငုံ FOB အရောင်းအဝယ်သွက်လို့ ဈေးအနည်းငယ်

Sun, 01/15/2012 - 09:25 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ရောင်း လက် ဝယ်လက်စုံနေပြီး ပဲစင်းငုံအရောင်းအဝယ် သွက်နေတယ်လို့ သိရပါတယ်။ ပဲစင်းငုံဖြူနီနဲ့အနီ စုစုပေါင်း ယခုတစ်ပတ် (ဇန်နဝါရီလ ၂ ရက်မှ ၆ ရက်) အတွင်းမှာ တန်ချိန် ၁၄၅၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။ ပြည်ပ အဝယ်သွက်သလိုပို့ကုန်ဝင်ငွေတန်ဖိုးအပြောင်းအလဲတည်ငြိမ်နေတဲ့အတွက်အရောင်း အဝယ်ကောင်းနေတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။    လက်ရှိ ပဲစင်းငုံဈေးက ကုန်သည်တွေ ရောင်းသင့်တဲ့ အချိန်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အရောင်းအဝယ်သွက်လို့ ယခုတစ်ပတ် ရန်ကုန် FOB  ဈေး အနည်း ငယ်ပိုလာခဲ့ပါတယ်။           ဒေါ်လာ/တန်                          ပဲစင်းငုံနီ      ဖြူနီ၊ အဖြူ     အနီ(အဟောင်း)၁၃-၁-၂၀၁၂         ၅၉၀-၆၁၀    ၄၉၀-၅၁၀         ၅၈၀-၆၀၀၆-၁-၂၀၁၂           ၅၈၀-၆၀၀    ၄၈၀-၅၀၀         ၅၇၀-၅၉၀MIRT(MAPT)