Main menu

Background

ပဲစင်းငုံအသစ်များ အဝင်များသလို ဈေးမြင့်

Sun, 01/15/2012 - 09:28 -- Anonymous (not verified)

    ပြည်ဈေးကွက်ကို ပဲစင်းငုံအသစ်များ ဝင်ရောက်လျက်ရှိပြီး၊ တစ်ရက် အိတ် ၃၀၀ ကျော် ၄၀၀ အထိ အဝင်ရှိခဲ့ပါတယ်။ ပဲစင်းငုံစိုက်ဧက ၁၇၀၀၀ ကျော်မှာ ဧက ၆၀၀၀ ကျော်ရိတ်သိမ်းပြီးဖြစ်တဲ့အတွက် ပဲသစ်များ ဈေးကွက်ကို ဆက်တိုက် ဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။ ပြည်အောင်လံကြား မြို့နယ်များနဲ့ ကြံခင်း ဖက်မှလည်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံအသစ်ပေါ်စအချိန် အဖွင့် ဈေးမှာ တစ်တင်း ၁၃၅၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ပဲစင်းငုံဈေးမြင့်လာခဲ့သလို ရန်ကုန်ဝယ်လက်များ အဝယ်ရှိတယ်လို့ သိရပါ တယ်။                                                         ဆုမွန်ဆွေ