Main menu

Background

ပဲလွန်းဖြူ အသစ်များ FOB အရောင်းအဝယ်ပိုဖြစ်လာ

Sun, 01/15/2012 - 09:29 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့် နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲလွန်းဖြူအသစ်များလည်း ဝင်ရောက် လာလို့ FOB အရောင်းအဝယ်ပိုဖြစ် လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ချိန် ၂၂၇ ရောင်းဝယ်ခဲ့ပြီး ယခုတစ်ပတ် ဇန်နဝါရီလ ၇ ရက်မှ ၁၂ ရက်အတွင်း မှာတော့ ၄၀၈ တန်ထိ ပိုမိုတင်ပို့လာ ခဲ့ပါတယ်။    ပြည်ပကို တင်ပို့မှုမှာတော့ ယခင် တစ်ပတ်က တန် ၁၅၀ တင်ပို့ခဲ့ပေမဲ့ ယခုတစ်ပတ် ဇန်နဝါရီလ ၂ ရက်မှ ၆ ရက် အတွင်းမှာ တန် ၁၀၀ နီးပါးသာ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်းနဲ့ ကိုရီးယားကို ဖြစ်ပါတယ်။ ဝယ်လိုအားရှိတဲ့ ပဲဖြစ်လို့ ဈေးကွက်လှိုင်လှိုင်ဝင်ရောက်လာပါက တင်ပို့မှု ပိုမိုနိုင်မယ်လို့ ခန့်မှန်းထားပါ တယ်။ MIRT - MAPT