Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ ပဲတီစိမ်း အရောင်းအဝယ်လျော့

Sun, 01/15/2012 - 09:32 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် ပဲတီစိမ်း FOB အရောင်းအဝယ် ယခင်တစ်ပတ်ထက် လျော့ကျလာပါတယ်။ ယခင်တစ်ပတ်က တန် ၄၄၀၀ ခန့်အထိ ရှိခဲ့ပေမဲ့ ဇန်နဝါရီလ ၂ ရက်မှ ၇ ရက် အတွင်းမှာတော့ တန် ၂၃၀၀ ခန့်သာ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်တဲ့ ပဲတီစိမ်း တွေကတော့ အရည်အသွေးကောင်းတဲ့ ပြည်၊ အောင်လံ၊ ချောက်၊ မကွေးနဲ့ တောင်ငူ စတာတွေပဲဖြစ်တယ်လို့ သိရပါတယ်။    ရန်ကုန် FOB ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ ဇန်နဝါရီလ ၁၃ ရက်မှာလည်း ပဲတီစိမ်း (အညာ) တစ်တန် ကန်ဒေါ်လာ  ၆၇၀-၆၉၀၊ ပခုက္ကူစ တစ်တန် ကန်ဒေါ်လာ ၆၉၀-၇၁၀ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၇၇၀-၇၉၀ နဲ့ ငြိမ်နေကြောင်း သိရပါတယ်။ MIRT - MAPT