Main menu

Background

အိန္ဒိယကုလားပဲစိုက်ဧရိယာ လျော့ကျတာကြောင့် ဈေးနှုန်းခိုင်မာဖွယ်ရှိ

Sun, 01/15/2012 - 09:39 -- Anonymous (not verified)

    အိန္ဒိယရဲ့ ဆောင်းပဲမျိုးစုံစိုက်ပျိုးမှုမှာ အဓိကအားဖြင့် ကုလားပဲဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ထိ ကုလားပဲစိုက်ပျိုးမှုဟာ ဟက်တာ ၈ ဒသမ ၆၄ သန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၉ ဒသမ ၁၈ သန်းထက် ၅ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းနေပါတယ်။ အဓိက စိုက်ဧရိယာကျဆင်းတဲ့ မဟာရပ်ရှ တရာမှာ ၂၃ ရာခိုင်နှုန်းနဲ့ ကာနာတာကာမှာ ၁၉ ရာခိုင်နှုန်းအသီးသီးကျ ဆင်းခဲ့ ပါတယ်။ စိုက်ဧရိယာ ကျဆင်းလို့ ထွက်ရှိမှုလည်း လျော့ကျနိုင်တဲ့အတွက် ကုလားပဲ ဈေး ခိုင်မာနေမယ်လို့ ခန့်မှန်းကြပါတယ်။     နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ ရာသီဥတု မသာယာတဲ့အတွက် အထွက် နှုန်းကျဆင်းနိုင်တယ်လို့ဆိုပါတယ်။ ရာဂျက်စသန်မှလွဲပြီး၊ အခြားပဲစိုက်ပျိုးတဲ့ မဒ္ဒရာ ပရာဒေ့ရှ်၊ မဟာရပ်ရှတရာ၊ ကာနာတာကာနဲ့ အတ္တရာပရာဒေ့ရ်ှတို့မှာ ဇန်နဝါရီလ လယ်မှာစတင်မယ့် ရိတ်သိမ်းရာသီမှာ အထွက်ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။    အစိုးရက ဆောင်းပဲအထွက် ပိုမိုမြင့်တက်မယ်လို့ ရည်မှန်းထားပေမယ့် စိုက်ပျိုးမှု အခြေအနေနဲ့လက်ရှိရာသီဥတုအခြေအနေတွေအရရည်မှန်းချက် ပမာဏ ရရှိဖို့ ခက်ခဲမယ်လို့ ဆိုပါတယ်။ ကုလားပဲဈေးကွက်အတွင်း ဝင်ရောက်မှုများမယ့် ဇန်နဝါရီလကုန်တိုင်အောင် ကုလားပဲဈေး ခိုင်မာမယ်လို့ ခန့်မှန်းကြပါတယ်။ယမင်းခင်၊Source:nnsocmmodityonline