Main menu

Background

ချင်း ပြန်လည်တင်ပို့

Mon, 01/16/2012 - 04:09 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၁ ရက်မှ ၇ ရက်တာကာလ အတွင်း ချင်း ၇ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက ပါကစ္စတန်နိုင်ငံဘဲ ဖြစ်ပါတယ်။ ၂၀၁၁ ဒီဇင်ဘာ ပထမပတ်မှာ မလေးရှားနိုင်ငံကို တင်ပို့ပြီးနောက် အပို့ပျောက်ခဲ့တဲ့ချင်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခင် က FOB  ဈေး  တစ်တန်ကို ကန်ဒေါ်လာ တစ်ထောင့်လေးရာဝန်းကျင်ရရှိခဲ့တဲ့ ချင်းဈေးက ဒီတစ်ပတ်မှာ ကန်ဒေါ်လာ တစ်ထောင့်ခြောက်ရာနှစ်ဆယ့်ငါးရရှိခဲ့လို့ ဈေးကောင်းရတယ်လို့ ဆိုရပါမယ်။ ဒါကြောင့် ဒီတစ်ပတ်ချင်းမှ ပို့ကုန်ဝင်ငွေကန် ဒေါ်လာ တစ်သောင်းတစ်ထောင်ကျော်ရရှိခဲ့ပါတယ်။MIRT (DOT)