ယခုတစ်ပတ် ပြည်ချင်းဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာ ချင်း (ရှယ်) ၇၀၀ ကျပ်၊ (ဂျွန်) ၆၀၀-၅၅၀ ကျပ်၊ (ချင်းဓားလှီး) ၈၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက် ရှိနေပါတယ်။ အဝင်အားဖြင့်လည်း ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ခန့် ပုံမှန်အဝင်ရှိနေပြီး၊ တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့် ပုံမှန် အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ရခိုင်ပြည်နယ်ဘက်သို့ စားသုံးမှုအဖြစ် တစ်နေ့ပိဿာချိန် ၂၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်
Background