Main menu

Background

ကြိုက်ဈေးစောင့်တဲ့ ဟိုပုံးချင်း

Mon, 01/16/2012 - 04:16 -- Anonymous (not verified)

    ဟိုပုံးချင်းကတော့ ဈေးကွက်မှာ အဝင်နည်းနေပါသေးတယ်။ တောင်သူတွေ ကြိုက်ဈေးမရသေးတာကြောင့်မဖော်ရသေးပါဘူ။ အစိုက်နည်းလို့ အထွက်ကလည်း နည်းတာကြောင့် ကြိုက်ဈေးရမှဖော်ကြမယ်လို့သိရပါတယ်။ အရောင်းအဝယ်က လည်း ခပ်အေးအေးသာဖြစ်နေကာ လက်လီဆိုရင်တစ်ပိဿာ ၄၀၀ ကျပ်ဈေးရှိပြီး၊ လက်ကားက တစ်ပိဿာ ၃၀၀ ကျပ်၊ ၃၅၀ ကျပ်ရှိပါတယ်။ အောင်ပန်းဈေးကွက် မှာတော့ ချင်းကပုံမှန်အဝင်ရှိနေပါတယ်။ အချို့တောင်သူတွေကလည်း ဈေး မကြိုက်လို့ မရောင်းကြပေမဲ့ အချို့ကတော့ အစပိုင်းမှာကြိုက်ဈေးရခဲ့ တာ ကြောင့် ထုတ်ရောင်းခဲ့ကြပြီး၊ မျိုးအဖြစ်သာချန်ထားတယ်လို့သိရပါတယ်။ ပြည်ပတင်ပို့မှု မရှိပေမဲ့ ပြည်တွင်းသုံးအတွက် ဝယ်နေတာကြောင့် အစပိုင်းမှာ အရောင်းသွက် ခဲ့ပေမဲ့ ယခုလောလောဆယ်မှာ ပုံမှန်သာအရောင်း အဝယ် ဖြစ်နေတယ်လို့လည်း သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်းအရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာကို ၂၀၀ ကျပ်မှ ၆၀၀ ကျပ်ဈေးထိရှိပါတယ်။ ချင်းဟောင်းဈေးက တစ်ပိဿာ ၄၅၀ ကျပ်၊ ၅၀၀ ကျပ်သာရှိပြီး ချင်းခြောက်တစ်ပိဿာ ၁၇၀၀ ကျပ်၊ ၁၈၀၀ ကျပ်ဈေးရှိပါတယ်။                                           ဧဧခိုင်