Main menu

Background

အဝင်နည်းလို့ ဈေးတက်သွားတဲ့ ပြည်ငရုတ်ခြောက်

Mon, 01/16/2012 - 04:18 -- Anonymous (not verified)

    ယခုတစ်ပတ် ပြည်ဈေးကွက်ထဲသို့ နတ်မောက်၊ တောင်တွင်းဘက်မှ ငရုတ် ခြောက်ပိဿာ ၂၀ ဝင်အိတ် ၁၂၀ ခန့် ဝင်ရောက်လျက်ရှိပါတယ်။ အောင်လံ ဘက်မှ ငရုတ်ခြောက်များ အဝင်နည်းသွားပြီး၊ အောင်လံ ငရုတ်ခြောက်ကုန်ချိန်၊ နတ်မောက်ငရုတ်ပေါ်ထွက်စဖြစ်လို့ ဈေးကွက်အတွင်း အဝင်နည်းပြီး ဈေးမြင့် သွားပါတယ်။ ဈေးနှုန်းမှာ ယခင်တစ်ပတ်ထက် တစ်ပိဿာ ၃၀၀ ကျပ်ခန့် ဈေးမြင့် သွားပြီး ငရုတ်ခြောက် (ရှည်) တစ်ပိဿာ ၂၇၀၀ ကျပ်၊ (မိုးထောင်) ၂၈၀၀ ကျပ်၊ (အပွ)၄၂၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိကာ ရန်ကုန်တိုင်း ဒေသ ကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့လည်း ယခုတစ်ပတ်တွင် တစ်ရက်ကို အိတ် ၃၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။                                 ဝင်းဝင်းခိုင်