ယခုလောလောဆယ်မှာတော့ ကလောမြို့နယ်တစ်ဝိုက်ကထွက်တဲ့ နနွင်းတွေသာ အောင်ပန်းဈေးကွက်မှာ အဝင်ရှိနေပါ သေးတယ်။ အစိုဓာတ်ကများနေတာကြောင့် အဝယ်ကလည်း သိပ်မရှိသေးပါဘူး။ ပင်လောင်းနနွင်းတွေကတော့ အခုမှစပြီး ဖော်မယ်လို့သိရပါတယ်။ ဟိုပုံးနနွင်းကတော့ ဈေးကွက်ကိုဝင်လာပြီး အစိုတစ်ပိဿာ ၁၀၀ ကျပ်သာရှိပါတယ်။ ယခုလော လောဆယ် နနွင်းအခြောက်ပြုလုပ်ဖို့အတွက်သာ ဝယ်ယူနေကြပါတယ်။ အစိုဓာတ် များနေသေးတာကြောင့် အစို ၇ ပိဿာ ပြုတ်မှ အခြောက် တစ်ပိဿာရရှိပါတယ်။ ဒီထက်နည်းနည်း ခြောက်လာမယ့်တပို့တွဲ၊ တပေါင်းလလောက်ဆိုရင် အစို ၅ ပိဿာပြုတ်ရင် အခြောက် တစ်ပိဿာရမှာဖြစ်ပါတယ်။ ပင်လောင်းနနွင်းက (ယခုလက်ရှိပေါက်ဈေး) အခြောက်အဟောင်း ၁ ပိဿာ ၄၀၀ ကျပ်၊ ၅၀၀ ကျပ်ရှိပြီး၊ ဆင်တောင် နနွင်းက ၁ ပိဿာ ၁၀၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။ ဧဧခိုင်
Background