Main menu

Background

ဈေးကွက်များကို ဝင်ရောက်မှုများပြီး ဝယ်လိုအားပါးလို့ အိန္ဒိယနနွင်းဈေးပြန်ကျ

Mon, 01/16/2012 - 04:24 -- Anonymous (not verified)

    ယခင်ရက်ပိုင်းအတွင်း ဈေးမြင့်တက်ခဲ့တဲ့ အိန္ဒိယနနွင်းဈေးဟာ ယခုတစ်ပတ်အတွင်းမှာတော့ ဝယ်လိုအားပါးလာလို့ ဈေးပြန်ကျလာခဲ့တာလို့သိရပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းကို တောင်သူတွေ ရောင်းချနိုင်ခြင်းမရှိတဲ့ နနွင်းအိတ် ၁၂၀၀၀ ကျော်ထိဝင်ရောက်မှုရှိတဲ့အတွက် ဈေးကွက်မှာ လက်ကျန်သိုလှောင်မှု တွေ ပိုမိုလာစေပါတယ်။ ဒါပေမဲ့ သိုလှောင်မှုရဲ့ ၆၀ ရာခိုင်နှုန်းခန့်သာ ရောင်းချခဲ့ရတယ်လို့ဆိုပါတယ်။    ဈေးကွက်က ဖေဖော်ဝါရီလလယ်မှာ ဝင်ရောက်မယ့် နနွင်းသစ်တွေကို စောင့်ကြည့်နေတာကြောင့် ကုန်သည်များနဲ့ တင်ပို့သူများဟာ အမှာအော်ဒါသစ်များ မရရှိဘူးလို့ဆိုပါတယ်။ အချို့ဝယ်လက်တွေသာ တင်ပို့ရခြင်းမရှိသေးတဲ့ အော်ဒါများ ဖြည့်ဆည်းဖို့ ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ ဝင်ရောက်လာတဲ့ နနွင်း အရည် အသွေးကောင်း စပ်နနွင်းတွေကတော့ ဈေး ပိုမိုရပေမဲ့ အရည်အသွေးနိမ့် နနွင်းကတော့ ဈေးကျဆင်းနေတယ်လို့ ဆိုပါတယ်။    ဈေးကွက်ထိန်းသိမ်းရေးကော်မတီဝင်းကို ရောက်ရှိလာတဲ့ နနွင်းတွေကို တောင်သူတွေက လက်ရှိဈေးနဲ့ မရောင်းတဲ့အတွက် အိတ်တချို့သာ ရောင်းချရတယ်လို့ ဆိုပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်းဈေးတစ်တန် ရူပီး ၃၆၁၁၀-၄၄၉၁၀ (ကန်ဒေါ်လာ ၆၉၆-၈၆၅ ) ရှိပြီး နနွင်းဥဈေးက ရူပီး ၃၅၁၉၀-၄၃၆၉၀ (ကန်ဒေါ်လာ ၆၇၈-၈၄၂ ) ဈေးရှိတယ်လို့သိရပါတယ်။    ယမင်းခင်၊Source: hindubusiness