အိန္ဒိယအစိုးရဟာ ကြက်သွန်နီတင်ပို့မှု ကျဆင်းနေတဲ့အတွက် တင်ပို့မှုမြှင့်တင်ဖို့ ပြည်ပတင်ပို့မှု အနိမ့်ဆုံးဈေးကို တစ်တန် ကန်ဒေါ်လာ ၁၀၀ လျှော့ချပြီး၊ တစ်တန်ကန်ဒေါ်လာ ၁၅၀ ကို သတ်မှတ်ခဲ့ပါတယ်။ ဘင်ဂလိုရီ နှင်းဆီကြက်သွန်နဲ့ ခရစ်နာ ပူရမ်ကြက်သွန်နီမှအပ အခြားကြက်သွန်နီတင်ပို့ အနိမ့်ဆုံးဈေးမှာ တစ်တန်ကန်ဒေါ်လာ ၁၅၀ ဖြစ်ကြောင်း၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ် မှ သတ်မှတ်ထုတ်ပြန်ချက်ကို ပြောကြားခဲ့ပါတယ်။ ဘင်ဂလိုရီနှင်းဆီကြက်သွန်နဲ့ ခရစ်နာပူရမ်ကြက်သွန်လည်း အစောပိုင်းက တစ်တန်ကန်ဒေါ်လာ ၃၀၀ မှ ကန်ဒေါ်လာ ၂၅၀ ကို အနည်းငယ် လျှော့ချ ခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်ရောင်းချနိုင်ဖို့ ကြက်သွန်နီ တင်ပို့ဈေးကို လျှော့ချဖို့ ကြက်သွန်စိုက်သူများနဲ့ ကုန်သည်များမှ တောင်းဆိုခဲ့ ကြောင်း သိရပါတယ်။ယမင်းခင်၊Source: newsonair.nic
Background