Main menu

Background

အမေရိကန်ဒေါ်လာဈေး မြင့်တက်သော်လည်း ယူရိုငွေဈေးကျလာမှုကြောင့် ပို့ကုန်ဝင်ငွေဈေးနှုန်းမြင့်တက်လာ အက်ဖ်အီးစီဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲ

Mon, 01/16/2012 - 04:33 -- Anonymous (not verified)

ယခုတစ်ပတ်တွင် ကမ္ဘာ့ရွှေဈေး မြန်မာ့ရွှေဈေးများ မြင့်တက်လာမှုနှင့်အတူ ငွေလဲနှုန်းထားများမှာလည်း မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက အမေရိကန်တစ်ဒေါ်လာလျှင် စင်တာလဲလှယ်နှုန်းမှာ ၈၂၀ကျပ်ဖြင့် ငြိမ်နေခဲ့သော်လည်း ယခုတစ်ပတ်တွင် ၈၂၅ ကျပ်သို့ မြင့်တက်လာခဲ့သည်။ ပြင်ပဈေးကွက်တွင်မူ အမေရိကန် တစ်ဒေါ်လာလျှင် ပြီးခဲ့သည့်အပတ်က ၈၀၇ကျပ်ဖြင့် ဈေးပိတ်ခဲ့ပြီးနောက် ယခုတစ်ပတ်ဈေးပြန်ဖွင့်ချိန်တွင် ၈၁၇ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ထို့ပြင် အက်ဖ်အီးစီဈေးကွက်မှာလည်း ပြီးခဲ့သည့် အပတ်ကထက် ဈေးမြင့်လာသည်ကိုတွေ့ရသည်။ ယခင်အပတ်က အက်ဖ်အီးစီ တစ်ယူနစ်လျှင် ၈၁၇ကျပ်ဖြင့် ဈေးပိတ်ခဲ့သော်လည်း ဈေးပြန်ဖွင့်ချိန်တွင် အက်ဖ် အီးစီ တစ်ယူနစ်လျှင် ၈၂၅ ကျပ်အထိ မြင့်တက်ခဲ့သည်။"အခုတစ်ပတ်နှစ်ပတ်လောက်ရှိပြီ။ အက်ဖ်အီးစီဈေးက ထင်မထားဘဲနဲ့ကို တက်လာတာ။ နေ့တိုင်းလည်းအရောင်းအဝယ်ဖြစ်တယ်။ အရောင်းထက်အဝယ်က ပိုများတာပေါ့။ ကားပဲလေ။ အခုအချိန်မှာ ခေတ်စားနေတာကားပဲ။ ကားလိုင်စင်ရဖို့ အတွက် အခွန်ကိုအက်ဖ်အီးစီနဲ့သွင်းရတာဆိုတော့ အစိမ်းကို သိပ်မဝယ်ကြတော့ ဘဲ အက်ဖ်အီးစီကိုပဲဝယ်နေကြတာ။ ဒီနေ့ဆို အက်ဖ်အီးစီဈေးက ပြန်မြင့်လာပြန်ပြီ။ ပြီးခဲ့တဲ့ ရက်တွေတုန်းက တက်လိုက်ကျလိုက်နဲ့ပဲ မငြိမ်ပါဘူး။ ဒီနေ့ဈေးက ၈၂၅ ကျပ်ရှိ တယ်။ အစိမ်းက ၈၂၀ ရှိတယ်။ စင်တာဈေးနဲ့က သိပ်မကွာတော့ဘူး။ စင်တာမှာလည်း ဒီနေ့ဈေးက ၈၂၅ကျပ်လို့ပြောတယ်။ စင်တာကတော့ သိတဲ့ အတိုင်းပဲလေ၊ အခုဆို သွားရောင်းရင်တောင် ၂ရွက်ပဲရောင်းလို့ရတာဆိုတော့ အပြင် မှာပဲ အလုပ်ဖြစ်နေကြတာ"ဟု ဒေါ်လာပွဲစားတစ်ဦးက ပြောသည်။ငွေလဲစင်တာများတွင် အမေရိကန်ဒေါ်လာဈေးနှုန်းသည် ရောင်းဈေး ၈၂၅ ကျပ်၊ ဝယ်ဈေး ၈၁၀ ကျပ်ဖြင့် တစ်ပတ်အတွင်း တည်ငြိမ်နေခဲ့သည်။ ပြင်ပဈေး ကွက်တွင်မူ ဇန်နဝါရီလ ၉ ရက်က အက်ဖ်အီးစီတစ်ယူနစ်လျှင် ၈၂၅ ကျပ်ရောင်း ဈေးရှိပြီး ဝယ်ဈေးမှာမူ ၈၂၀ ကျပ်ရှိခဲ့သည်။ ဇန်နဝါရီ ၁၃ ရက်ဈေးပိတ်ချိန်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၂၀ ကျပ်   ဝယ်ဈေး ၈၁၅ ကျပ်ရှိခဲ့ပြီး အက်ဖ်အီးစီ တစ်ယူနစ်လျှင် ရောင်းဈေး ၈၂၅ ကျပ်  ဝယ်ဈေး ၈၁၈ ကျပ်ရှိခဲ့သည်။ပို့ကုန်ဝင်ငွေဈေးနှုန်းမှာမူ ယူရိုငွေ ဈေးကျလာမှုနှင့် ကားတင်သွင်းမည့်သူ များ၏ ပို့ကုန်ဝင်ငွေများကို အဝယ်လိုက်လာမှုတို့ကြောင့် ဇန်နဝါရီလ ၁၃ရက် နေ့ဈေးပိတ်ချိန်တွင် ၈၅၂ ကျပ်အထိ မြင့်တက်လာခဲ့သည်။ ယခုတစ်ပတ် ဈေးပြန် ဖွင့်ချိန်တွင် ၈၄၅ ကျပ်ဖြင့်သာ ဈေးဖွင့်ခဲ့သော်လည်း တစ်ပတ်အတွင်း ၈၅၂ ကျပ် အထိ မြင့်တက်လာခဲ့သည်။ ထိုကဲ့သို့ပို့ကုန်ရငွေ ဈေးနှုန်းများမြင့်တက်လာရခြင်းမှာ ယူရိုငွေလဲလှယ်နှုန်းနှင့်လည်း သက်ဆိုင်နေကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြခဲ့သည်။ကားအရောင်းစင်တာများဖွင့်ခွင့်ရသည့်ကုမ္ပဏီများ များပြားလာမှုကြောင့် ၎င်းင်းတို့က ပို့ကုန်ရငွေများကိုသာ လိုက်လံဝယ်ယူနေကြသည့်အတွက်   ယခုကဲ့သို့ Earning  ဈေးနှုန်းများ မြင့်တက်နေရခြင်းဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြခဲ့သည်။ "အခုဆိုရင် ကားအရောင်းစင်တာ ဖွင့်ခွင့်ရတဲ့ကုမ္ပဏီတွေ တော်တော်များလာပြီ။ အဲဒီလိုများလာလေလေ ဒီ Earning  ဈေးနှုန်းက မြင့်လာ လေလေပဲ။ သူတို့က ဒီ Earning   ကိုပဲဝယ်ပြီး မော်တော် ယာဉ်တင်သွင်းဖို့လုပ်ရ တာ။ နောက်ပြီး ကျောက်မျက်ပွဲကပြီးသွားပေမယ့် အဲဒီကျောက်မျက်ကုန်သည်တွေ က သူတို့ရတဲ့ယူရိုကို ဒေါ်လာနဲ့မလဲကြသေးဘူး။ ယူရိုကကျနေတဲ့အချိန်ဆိုတော့ သူတို့ ရတဲ့ငွေတွေကိုအောင်းထားကြတာ။ အဲဒီတော့ ဒီ Earning   ဈေးနှုန်းက တက်လာရတာပါ"ဟု ဒေါ်လာပွဲစားတစ်ဦးကသုံးသပ်ပြခဲ့သည်။  MTD,KM2O