Main menu

Background

၂၀၁၂ ခုနှစ်တွင်လည်း ကမ္ဘာ့ရွှေဈေးနှုန်းသည် ၁၂ နှစ်ဆက်တိုက် အောင်ပွဲခံဦးမည်

Mon, 01/16/2012 - 04:39 -- Anonymous (not verified)

      ၂၀၁၁ ခုနှစ်  ပထမကိုးလအတွင်း ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအားနည်းခဲ့ခြင်း၊ အီးယူဒေသ ကြွေးမြီအကျပ်အတည်း ပိုမိုဆိုးဝါးလာ ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မား လာခြင်းတို့ကြောင့် ကမ္ဘာအနှံ့ရင်းနှီးမြှုပ် နှံသူတွေက စတော့ရှယ်ယာတွေနဲ့ ကုန် စည်တွေအပေါ် ရင်းနှီးမြှုပ်နှံခြင်းအစား ရွှေကိုသာ အကောင်းဆုံးသော ရင်းနှီး မြှုပ်နှံစရာပစ္စည်းအဖြစ်ဝယ်ယူစုဆောင်း မှုတွေပြုလာကြတယ်။ ဒါ့အပြင် ၎င်း ကာလအတွင်း ကန်ဒေါ်လာတန်ဖိုးကျ ဆင်းနေမှုကြောင့်  ကမ္ဘာအနှံ့ ဗဟို ဘဏ်တွေကလည်း သိုမှီးထားတဲ့ အရန် နိုင်ငံခြားငွေများ တန်ဖိုးလျော့ကျသွား မှာစိုးရိမ်ကာ ရွှေနဲ့ အစားထိုးသိမ်း ဆည်းသိုလှောင်ထားဖို့ ရည်ရွယ်ပြီး ရွှေ တန်ချိန်များစွာ ဝယ်ယူမှုပြုခဲ့ကြခြင်းက လည်းရွှေဈေးနှုန်းကိုမီးထိုးပေးခဲ့ပါတယ်။ထွန်းသစ်စနိုင်ငံတွေဖြစ်တဲ့ တရုတ် နိုင်ငံနဲ့  အိန္ဒိယနိုင်ငံတို့မှာ အလယ် အလတ်တန်းစား လူဦးရေ မြင့်မားလာ တာနဲ့အညီ ရွှေဝယ်ယူစုဆောင်းမှုနှုန်း မြင့်မားလာခြင်းကလည်း ကမ္ဘာ့ရွှေဝယ် လိုအားကိုမြင့်မားစေခဲ့တယ်။ ဒါကြောင့် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၆ ရက်မှာ ကမ္ဘာ့ရွှေဈေးနှုန်းက တစ်အောင်စကို ကန်ဒေါ်လာ ၁၉၂၃ဒသမ ၇၀ဒေါ်လာ အထိ စံချိန်တင်မြင့်မားခဲ့တယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ် စတုတ္ထသုံးလပတ်ကာလ မှာ ကမ္ဘာ့ရွှေဈေးနှုန်း ပြန်လည်အား နည်းသွားရာ ဒီဇင်ဘာလနှောင်းပိုင်းမှာ တစ်အောင်စကို   ၁၆၀၀ ဒေါ်လာ အောက်နှုန်းထားအထိ  ရောက်ရှိအား နည်းသွားတယ်။ အမေရိကန်စီးပွားရေး အခြေအနေအကောင်းဘက်ကို ရောက် ရှိလာတဲ့ လက္ခဏာတွေကြောင့် ကန် ဒေါ်လာတန်ဖိုး မြင့်မားလာခြင်းက ရွှေ ဈေးနှုန်းကျဆင်းစေခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်တယ်လို့ သိရတယ်။ဒါ့အပြင် ကမ္ဘာမှာ ရွှေဝယ်ယူတင်သွင်းမှု အများဆုံးဖြစ်တဲ့ အိန္ဒိယရဲ့ ရူပီးငွေတန်ဖိုး ကျဆင်းခြင်းကြောင့် သွင်းကုန်ပစ္စည်း တန်ဖိုးကို မြင့်မားစေရာ ရွှေတင်သွင်းမှုကျဆင်းသွားခြင်း၊ တရုတ်နိုင်ငံ ကလည်း ကုန်စည်တွေ တရားမဝင်ရောင်းဝယ်ဖောက်ကားနေခြင်းကို ဖြိုခွင်းဖို့ရည်ရွယ်ပြီး ရှန်ဟိုင်းကြိုပွိုင့်ရောင်းဝယ်ရေးတို့မှာ ရောင်းဝယ် မှုပြုနေတဲ့ ရွှေလက်ငင်းရောင်းဝယ်ရေးနဲ့ ရွှေကြိုပွိုင့်စာချုပ်တွေ ရောင်းဝယ်မှုကို ကန့်သတ်ထားခြင်းတို့ကလည်း ရွှေဝယ်လိုအားကို ကျဆင်းစေခဲ့ရာ စတုတ္ထသုံးလပတ်ကာလအတွင်း ရွှေဈေးနှုန်း အားနည်းသွားသော်လည်း နှစ်အလိုက်ရွှေဈေးနှုန်းအနေနဲ့ ကြည့်ရင် ကမ္ဘာ့ရွှေဈေးနှုန်းက (၁၁)နှစ်မြောက်ကာလအဖြစ် ဆက်တိုက်မြင့် မားခဲ့ပြီး ဖြစ်တယ်။၂၀၁၂ ခုနှစ်မှာလည်း ကမ္ဘာ့ရွှေဈေးနှုန်းက ၁၂ နှစ်ဆက် တိုက်အောင်ပွဲခံကာ စွမ်းဆောင်မှုအကောင်းဆုံး ကုန်စည်ဖြစ်နေ ဦးမယ်လို့ ရွှေဈေးကွက်လေ့လာသူတွေက သုံးသပ်ထားတယ်။ ၂၀၁၁ ခုနှစ် နှောင်းပိုင်း ရွှေဈေးအားနည်းသွားခြင်းက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ရွှေဝယ်လိုအားကို မြှင့်တင်ပေးနေတဲ့အပြင် ကမ္ဘာ့နိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေကလည်း ၎င်းင်းတို့ရဲ့ ရွှေသိုလှောင်ထားမှုပမာဏကို ဆက်လက်မြှင့်တင်လိမ့်ဦးမယ်လို့ ခန့်မှန်းကြတယ်။ ဝယ်လိုအားမြင့် မားလာသော်လည်း ရောင်းလိုအားဘက်မှကြည့်လျှင် ရွှေတူးဖော် ရရှိမှု ပိုမိုခက်ခဲမှုများရှိလာခြင်းကြောင့် ရွှေဈေးနှုန်းတွေ အမြင့် ဘက်ကိုသာ ဦးတည်နေကြောင်း ဈေးကွက်လေ့လာသူတွေက သုံး သပ်ထားတယ်။     Source:sg.finance.yahoo.com, ပပ