Main menu

Background

ထိုင်းဘက်မှ ကွန်ပေါင်းအများဆုံး တင်သွင်း

Mon, 01/16/2012 - 04:42 -- Anonymous (not verified)

ထိုင်းဘက်မှ ကွန်ပေါင်းအများဆုံး တင်သွင်းပြည်တွင်းဈေးကွက်ကို နှစ်ဆန်းပိုင်းဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်မှ ၇ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာ ၁၈၃၄တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်း နှစ်သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်တင်သွင်းခဲ့တဲ့ မြေသြဇာတွေ က တရုတ်နိုင်ငံမှ မြေသြဇာတန်ချိန် ၂၅၀ နဲ့ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၁၅၈၄ တန် ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ထိုင်းမှ ကွန်ပေါင်း မြေသြဇာက အများဆုံးတင်သွင်းတယ်လို့ဆိုရပါမယ်။ ယခင်သီတင်းပတ်ဓာတ်မြေသြဇာတင်သွင်း မှုက တန်ချိန်ခုနစ်ရာကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန် ချိန် တစ်ထောင်ကျော်လောက် ပိုမိုတင်သွင်းနိုင်ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)ရန်ကုန်ဈေးကွက် အရောင်းသွက် ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက ပုံမှန်ရှိတယ်လို့ ဆိုပါတယ်။ဒီတစ်ပတ်မှာ တီစူပါ ၄၆ % က အများဆုံးရောင်းရတယ်လို့ပြောပါတယ်။ တီစူပါ အဝယ်လိုက်ပေမဲ့ ဈေးအတက်အကျ မရှိခဲ့ပါဘူး။ ဒီသီတင်းပတ် ဖြစ်ပေါ်နေတဲ့ ဈေးတွေက ပုလဲအသေး ၄၆ % (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) က ယခင်တစ်ပတ် ဈေးအတိုင်း ၂၂၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (Grow How -  - ထိုင်း) က ၃၄၅၀၀ ကျပ်မှ ယခု ၃၅၀၀၀ ကျပ် ၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ယခင် ၃၁၀၀၀ ကျပ်မှ ယခု ၃၀၀၀၀ ကျပ်၊ တီစူပါ ၄၆ % (သံကွင်း-တရုတ်)က ယခင် ၂၈၀၀၀ ကျပ်မှ ယခု ၂၆၅၀၀ ကျပ်၊ တီစူပါ ၄၆ ရာခိုင်နှုန်း (မြား-တရုတ်) ယခင် ၂၇၀၀၀ ကျပ်မှ ယခု ၂၇၅၀၀ ကျပ်၊ တီစူပါ ၁၆ % (မြား ကမ္ဘာ-တရုတ်) က ယခင်ဈေးအတိုင်း ၁၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိသလို ဈေးက လည်း ပုံမှန်ပဲလို့ဆိုပါတယ်။ တရုတ်ဓါတ်ဆားက ဈေးအနည်းငယ်ကျတယ်လို့ ပြော ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးတွေက ယူရီးယား-ပုလဲ (ကမ္ဘာလုံး-ပန်းဖူး-ရွှေတောင် (တရုတ်) က ၂၀၅၀၀ ကျပ်၊ တီစူပါ ၁၂ % (တရုတ်) က ၉၅၀၀ ကျပ်၊ တီစူပါ ၁၆ % က ၉၈၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) က ၃၆၅၀၀ ကျပ်၊ ဓါတ်ဆား (တရုတ်)က  ယခင် ၁၇၅၀၀ ကျပ်မှ ယခု ၁၃၀၀၀ ကျပ်၊ ပိုတက်(တရုတ်) က ၂၇၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာလည်း ဓာတ်မြေသြဇာအရောင်းက ပုံမှန်ရှိတယ်လို့ဆို ပါတယ်။ ဒီအချိန်က မြေသြဇာအသုံးပြုချိန်မဟုတ်လို့ မြေသြဇာအရောင်းက ပုံမှန် ပဲရှိနေတာလို့ ပြောပါတယ်။ ဈေးကွက်အတွင်း ဖြစ်ပေါ်နေတဲ့ဈေးက မြားကမ္ဘာ-တရုတ် (၁၂း၁၃အစိမ်း) က ၁၅၇၀၀ ကျပ်၊ အပြာက ၁၆၂၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၅၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၃၀၀ ကျပ်၊  အာမို ၁၀း၁၀း၅ က ၁၆၅၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၃၃၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) က ၂၃၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) က ၂၁၀၀၀ ကျပ်၊ တီစူပါ (တရုတ်) က ၂၄၃၀၀ ကျပ်၊ တောင်သူမက ၁၅၃၀၀ ကျပ်၊ အောင် ကမ္ဘာ ၁၀း၁၀း၅ က ၁၈၀၀၀ ကျပ်နဲ့ ပိုတက်က ၂၉၀၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။  မန္တလေးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအေးတယ်လို့ ဆိုပါ တယ်။ ဈေးက အပြောင်းအလဲသိပ်မရှိဘဲ ရှိနေပါတယ်။ ဒီတစ်ပတ်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ယူရီးယား(ရွှေတောင်-တရုတ်) ၁၉၄၃၀ ကျပ်၊ (ပန်းဖူး-တရုတ်)က ၂၁၄၃၀ ကျပ်၊ လက်ဝါးတံဆိပ် မြေသြဇာက ၁၉၂၃၀ ကျပ်၊ ကြာဖူးက ၁၉၁၃၀ ကျပ်၊ MPK တံဆိပ် မြေသြဇာက ၂၅၁၃၀ ကျပ်၊ ပန်းသီးစုံနဲ့ ယုန်သီးစုံက ၁၃၅၃၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၆၆၃၀ ကျပ်နဲ့ တီစူပါ (သံကွင်း) က ၂၂၃၀၀ ကျပ် ဈေး ရှိတယ်လို့ သိရပါတယ်။  ရန်ကုန်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းသွက်လာတယ်လို့ ပြော ပါတယ်။ ဒီတစ်ပတ်မှာတော့ ယူရီးယားနဲ့ တီစူပါက အရောင်းသွက်တယ်လို့ ဆိုပါ တယ်။ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ယူရီးယား(ကမ္ဘာလုံး၊ ရွှေတောင်၊ နေရွက်လှေ) တရုတ်က ၂၁၀၀၀ ကျပ်၊ တီစူပါ(သံကွင်း-တရုတ်)က ၂၃၇၀၀ ကျပ်၊ ပိုတက်(ကနေဒါ)က ၂၈၀၀၀ ကျပ်၊ ကွန်ပေါင်း(၁၅ ပတ်လည်)က ၃၇၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ယိုးဒယား) က ၃၃၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅(အမ်-တရုတ်) က ၁၇၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (အမ်စီ-တရုတ်) က ၂၈၅၀၀ ကျပ် ၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (MC-ယိုးဒယား) က ၃၃၀၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။MIRT (DOT)