ဒီတစ်ပတ်ဘိလပ်မြေ အဝင်အေးပြည်တွင်းကို ဒီနှစ်ရဲ့ နှစ်စပိုင်းဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်မှ ၇ ရက်တာ ကာလ အတွင်း ဘိလပ်မြေတန်ချိန် ၂၉၀၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းလေး သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံဘက်မှ စိန်တံဆိပ် ဘိလပ်မြေတစ်မျိုးသာ တင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန်တစ်သောင်းသုံးထောင်ကျော် ရှိခဲ့ပါတယ်။ဒါကြောင့်ဒီတစ်ပတ် ဘိလပ်မြေအဝင်က တော်တော်လေး လျော့နည်း ခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)ဘိလပ်မြေတန် ၄၂၀၀ ကျော် နယ်စပ်မှ အသွင်းရှိနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မြဝတီ၊ တာချီလိတ်၊ မြိတ်၊ ကန်ပိုက် တီးနဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၃၆၇ သန်းတန်ဖိုးရှိတဲ့ ဘိလပ်မြေ ၄၂၈၂ တန်ခန့်ကို ဇန်နဝါရီ ၄ ရက်မှ ၁၀ ရက် အထိကာလအတွင်း အသွင်းရှိခဲ့ပါတယ်။ နယ်စပ်စခန်းများမှ ယခင်အပတ်က ၂၂၇၇ တန် တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ တန် ၂၀၀၀ ကျော် ပိုမိုတင်သွင်း နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုများမှာ မြဝတီမှ ၁၉၄၅ တန်၊ တာချီလိတ်မှ ၁၁၈၂ တန်၊ မြိတ်မှ ၆၆၉ တန်ခန့်၊ ကန်ပိုက်တီးမှ တန် ၄၃၀ နဲ့ ချင်းရွှေဟော်မှ ၅၅ တန် အသီးသီးဖြစ်ပါတယ်။ MIRT (DOBT)ပုံမှန်လေးပဲ ဈေးကွက်ရှိနေတဲ့ ဘိလပ်မြေမန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းသွက်တယ်လို့သိရပါတယ်။ ရောင်းအားကောင်းပေမဲ့ ဈေးကတော့ ငြိမ်နေတယ်လို့ပြောပါတယ်။ ဒီတစ်ပတ်ဈေး ကွက်အတွင်းဖြစ်ပေါ်နေတဲ့ ဈေးက အေသုံးလုံးတစ်အိတ်ကို ၅၃၀၀ ကျပ်၊ မြန်မာဆင်တစ်အိတ်ကို ၅၀၀၀ ကျပ်၊ ဆင်(ထိုင်း) က ယခင် ၆၀၀၀ ကျပ်၊ စိန်(ထိုင်း) က ၆၁၀၀ ကျပ်၊ ဆင်မင်းတစ်အိတ်ကို ၄၅၀၀ ကျပ်၊ ကျားခေါင်းက တစ်အိတ်ကို ၅၃၀၀ ကျပ်နဲ့ မြင်းခေါင်းက ၄၃၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းဖြစ်နေ တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း ဆင်(ထိုင်း) က ရောင်းအားရှိတယ်လို့ ပြောပါတယ်။ ဈေးကွက်အတွင်း ကြံ့ (မြိုင်ကလေး) က ဈေးအနည်း ငယ်ကျ တယ်လို့ သိရပါတယ်။ ဆင်(ထိုင်း) တစ်အိတ်ကို ၄၉၀၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး)က ၃၄၅၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်တွင် ဘိလပ်မြေရောင်းအားကောင်းလာတယ်လို့ ဆို ပါတယ်။ ရောင်းအားကောင်းလာတာနဲ့အမျှ ဈေးလေးတွေကလည်း အနည်းငယ် ကောင်းလာတယ်လို့ပြောပါတယ်။ ယခင်တစ်ပတ် တစ်အိတ်ကို ၆၇၀၀ ကျပ်နဲ့ ရောင်းတဲ့ စိန်(ယိုးဒယား)က ယခု ၆၉၀၀ ကျပ်၊ ယခင် ၅၃၀၀ ကျပ်ရောင်းတဲ့ ခြင်္သေ့က ဒီတစ်ပတ်မှာ ၅၉၀၀ ကျပ် ဈေးရှိလာတယ်လို့ သိရပါတယ်။ မြို့တော်က ယခင်တစ်ပတ်အတိုင်း ၄၄၀၀ ကျပ်နဲ့ နဂါးကလည်း ၅၄၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေ အရောင်းကောင်းတယ်လို့ သိရပါတယ်။ အဝယ်လိုက်လာပေမဲ့ ဈေးကတော့ အတက်ကြီးမဟုတ်ခဲ့ပါဘူး။ ဆင်(ထိုင်း) က တစ်အိတ်ကို ယခင် ၅၆၀၀ ကျပ်မှ ယခု ၅၇၀၀ ကျပ်ဖြစ်ပြီး မြင်းခေါင်းတစ်အိတ်က ၄၃၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်အတွင်း ဘိလပ်မြေက ရောင်းအားသွက်တယ်လို့ ဆိုပါ တယ်။ ဘိလပ်မြေဈေးကွက်မှာ စိန်(ထိုင်း)က ဒီတစ်ပတ် ရောင်းအားကောင်းတယ် လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကပြောပါတယ်။ ဒီတစ်ပတ် ဘုရင့်နောင်ဈေး ကွက်မှာ ဖြစ်ပေါ်နေတဲ့ ဈေးတွေက ဆင်(ထိုင်း)တစ်အိတ်ကို ၄၈၅၀ ကျပ်၊ စိန် တံဆိပ်က တစ်အိတ်ကို ၄၇၀၀ ကျပ်နဲ့ မောင်းတိန်းက တစ်အိတ်ကို ၄၅၀၀ ကျပ်ဈေး ရှိတယ်လို့ သိရပါတယ်။ MIRT (DOT)
Background