နို့မှုန့်တစ်မျိုးသာ အဝင်ရှိခဲ့ဒီသီတင်းပတ်ဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်မှ ၇ ရက်တာ ကာလအတွင်းမှာ နို့ဆီ၊ နို့စိမ်းကအဝင်မရှိခဲ့ပါဘူး။ ယခင် သီတင်းပတ်များက သွင်းအားကောင်း ကောင်းနဲ့တင်သွင်းခဲ့ပြီး ဒီတစ်ပတ်မှာ အဝင် နားခဲ့ပါတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ ၆၁ ဒသမ ၃၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းလေးသောင်းကျော်ဖိုး တင်သွင်း ခဲ့တာတွေ့ရပါတယ်။ သြစတြေးလျ နိုင်ငံ မှ ၁၆ ဒသမ ၅ တန်၊ ယူအက်စ် အေမှာ ၈ ဒသမ ၈၂ တန်နဲ့ နယူးဇီလန် မှ ၃၆ တန် အသီးသီးမှာယူတင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် တစ်ရာ့နှစ်ဆယ်ကျော် တင်သွင်းခဲ့လို့ ဒီတစ်ပတ်မှာ နို့မှုန့်ရဲ့ ဝင်အားကလည်း ထက်ဝက်မျှ လျော့နည်းခဲ့တယ်လို့ ဆိုရ ပါမယ်။MIRT (DOT)နို့ဆီနဲ့ နို့စိမ်းသာ ယခုအပတ်အသွင်းရှိမြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ယခုအပတ်မှာ နို့မှုန့်အသွင်း မရှိခဲ့ဘဲ ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ နို့ဆီနဲ့ နို့စိမ်းအသွင်းတော့ ရှိခဲ့ပါတယ်။ ယခုအပတ်မှာ နို့ဆီ ၁၁ တန်ကျော် (၆၀၀ တာ)၊ တန်ဖိုး ကန်ဒေါ်လာ ၁၁၁၀၀ ဖိုးနဲ့ နို့စိမ်း ၅၁ တန်ကျော် (၂၇၀၀ တာ)၊ တန်ဖိုး ကန်ဒေါ်လာ ၄၈၉၅၁ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင် အပတ်ကထက် နို့စိမ်း (၅၇၅ တာ) ၁၁ တန်ခန့် ပိုမိုတင်သွင်းခဲ့သော်လည်း နို့ဆီ (၄၄၀ တာ) ၈ တန်ကျော် လျော့နည်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်းနို့ဆီ လက်လီဈေးများနို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း (နို့ဆီ) ၆၇၀ ၇၀၀ ဒွန်း (နို့စိမ်း) ၆၄၀ ၆၅၀ ဝမ်းတီးနို့ဆီ ၇၀၀ ၇၀၀ အိုကေ(နို့ဆီ) ၆၅၀ ၆၇၅ အိုကေ(နို့စိမ်း) ၆၅၀ ၆၇၅MIRT (DOT)
Background
