မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃ ဒသမ ၄၅၃ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၅၁၃ တန်ကျော် ဇန်နဝါရီလ ၄ ရက်မှ ၁၁ ရက်ထိကာလအတွင်း တင်ပို့မှုရှိခဲ့ပါတယ်။ယခုအပတ်မှာ နှမ်းနီ ၁၀ တန်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာသုညဒသမ၀၂၀သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ အခြားနှမ်း ရောင်စုံ တင်ပို့မှုများမှာကန်ဒေါ်လာ ၁ ဒသမ ၇၂၇ သန်းတန်ဖိုးရှိ နှမ်းနက် ၁၁၉၁ တန်၊ကန်ဒေါ်လာ ၁ ဒသမ ၆၀၉ သန်းတန်ဖိုးရှိ နှမ်းဖြူ ၁၂၃၇ တန်ကျော်နဲ့ ကန်ဒေါ် လာ သုည ဒသမ ၁၉၈ သန်းတန်ဖိုးရှိ နှမ်းဖြူ (အခွံချွတ်) ၆၉ တန်ကျော် အသီးသီးဖြစ်ပါ တယ်။မိမိဘက်မြေပြင်နှမ်းဈေးများ လျော့ကျလျက်ရှိတာတွေ့ရပါတယ်။မြေပြင်ပေါက် ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၉၂၇၇၉၁ ၉၉၅၂၂၁ ၆၇၄၂၀ ၇ ၁၂၇၀ ၁၂၆၅ ၅ ၀ .၄နှမ်းနက် ၁၀၂၃၀၅၁ ၁၁၇၃၁၃၄ ၁၅၀၀၈၃ ၁၃ ၁၄၆၀ ၁၄၇၀ ၁၀ ၀ .၇MIRT (DOBT)
Background