ယခုနှစ်မှစ၍ တရုတ်နိုင်ငံဘက်မှမြေပဲအနီလုံးဆံ(စပိန်နီဆံ) တစ်ရက်လျှင် အိတ် ၁၀၀၀၀န်းကျင်ဝယ်ယူမှု ရှိကြောင်း၊မန္တလေးမြို့ရှိကုန်သည်များထံမှသိရပါတယ်။ တရုတ် နိုင်ငံသို့ ကုန်တင်ပို့နေတဲ့ မန္တလေးမြို့မှ ကုန်သည်တစ်ဦးက "ဒီလထဲမှာ မြေပဲနီလုံးဆံကို တရုတ်က အဆွဲများနေလို့ ပစ္စည်းလက်ကျန်နည်းသလောက်ရှိနေတဲ့အတွက် ဈေးကွက် ထဲမှာ ပစ္စည်းအဝင်နည်းသွားပြီး၊ဟိုဘက်ကလုပ်ငန်းသုံးအတွက် ဝယ်ယူမှုရှိနေတာ။ ပြည် တွင်း ကတော့ ပဲဖတ်ဈေးကတက်ဈေးနဲ့ငြိမ်နေလို့ ကြိတ်ခွဲမှု ရှိတယ်။ အဝယ်လိုက်နေတဲ့ အတွက် ဆီဆံဈေးလည်းတက်လာတယ်။ ရှေ့တစ်ပတ်ကတစ်ရက်နဲ့တစ်ရက်ကို တစ်ပိ ဿာ၂၅ကျပ်လောက်ဈေးမြင့်ခဲ့ပြီး၊၁၀ရက်မှာလဆန်းပိုင်းကထက်ယှဉ်ရင် တစ်ပိဿာကို ၁၀၀ ကျပ် ကျော်ကျော် လောက် ဈေးမြင့်လာတယ်'' လို့ပြောပါတယ်။ မြေပဲအနီလုံးဆံဈေးမှာ ဇန်နဝါရီ ၇ ရက်ကတစ်ပိဿာလျှင်၁၇၇၅ ကျပ်ဈေး ရှိခဲ့ပြီး၊ ဇန်ဝါရီ ၉ ရက်မှာတစ်ပိဿာ ၁၈၅၀ ကျပ်ဈေးရှိကာ၊ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ၁၈၃၅ ကျပ်ဈေးရှိကြောင်းသိရပါတယ်။ ပဲဖတ်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၉၀ ကျပ်၊ ၇၀၀ ကျပ်ဝန်းကျင်ရှိကြောင်းသိရပါတယ်။ ဇူးဇူး
Background