Main menu

Background

ချီကာကို ပဲပုပ်ဆီဈေးကျဆင်းလို့ မလေးရှားစားအုန်းဆီကြမ်းဈေး အနည်းငယ်ပြန်ဆင်း

Mon, 01/16/2012 - 05:05 -- Anonymous (not verified)

    အမေရိကန်စိုက်ပျိုးရေးဌာန၊ USDA  ရဲ့ သီးနှံအစီရင်ခံစာ မကြာခင်ထွက်ပေါ် တော့မှာဖြစ်ပြီး၊ ချီကာကို ပဲပုပ်ဆီဈေး ကျဆင်းမယ့် အလားအလာများကြောင့် မလေးရှား စားအုန်းဆီကြမ်းဈေးလည်း ဇန်နဝါရီလ ၁၁ ရက်မှာ အနည်းငယ်တိုး ခဲ့ရာမှ ဇန်နဝါရီလ ၁၂ ရက်မှာ ပြန်ဆင်းလာခဲ့ပါတယ်။ ဘာစာမလေးရှား ကုန်စည် ဒိုင်မှာမတ်လစာချုပ်အခြေခံဈေးဟာ တစ်တန်ရင်းဂစ် ၃၂၂၂ (ကန်ဒေါ်လာ ၁၀၂၉) ထိ မြင့်တက်ခဲ့ရာမှ ၁ ရာခိုင်နှုန်း ကျဆင်းပြီး၊ ရင်းဂစ် ၃၀၂၀(ကန်ဒေါ်လာ ၉၆၄) ဈေးဖြစ်ခဲ့ပါတယ်။    တရုတ်နှစ်သစ်ကူးကာလအတွင်း ဆိပ်ကမ်းများမှာ ပြည်တွင်းလက်ကျန်များနေ လို့ ဝယ်လိုအားကျဆင်းမှာကို စိုးရိမ်သလို ကုန်သည်များနဲ့ ပြည်ပတင်ပို့သူများ လည်း ပိတ်ရက်မှာ ရောင်းဝယ်မှုမရှိတာကြောင့်လည်း ဈေးကျဆင်းခြင်းဖြစ်ပါ တယ် လို့ ဲသ့သမ မှ ပြည်ပတင်ပို့သူ တစ်ဦးက ဆိုပါတယ်။ တရုတ်ပြည်တွင်း ဆိပ်ကမ်း တွေမှာဇန်နဝါရီလ၁၁ ရက်က စားအုန်းဆီလက်ကျန် တန်ချိန် ၇၁၅၀၀၀ ခန့် ရှိ တယ်လို့ ဒေသတွင်း ကုန်သည်များက ဆိုပါတယ်။    ၂၀၁၁ ခုနှစ်အတွင်း စားအုန်းဆီကြမ်းထုတ်လုပ်မှု ကောင်းမွန်ပြီးတဲ့နောက် ၂၀၁၂ မှာ ပြန်လည်ကျဆင်းဖွယ် ရှိပေမယ့် မလေးရှားနိုင်ငံရဲ့ သိုလှောင်လက်ကျန် ပမာဏကတော့ မြန်မြန်ဆန်ဆန်ကျဆင်းမှာ မဟုတ်ဘူးလို့ လေ့လာ ဆန်းစစ်သူ များက ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ ပဲပုပ်ကြိတ်ခွဲမှု အကျိုးအမြတ် တိုးတက်နေ ခြင်းဟာ ပဲပုပ်ဆီရောင်းအားပိုများစေပြီး၊ တစ်ဆက်တည်းမှာတရုတ်နိုင်ငံရဲ့ စားအုန်း ဆီ တင်သွင်းမှုကို တိုက်ရိုက်ထိခိုက်နိုင်တယ်လို့ ကွာလာလမ်ပူ အခြေစိုက် ဘဏ် တစ်ခုမှ လေ့လာဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။    ယခုဈေးကွက်ရာသီအတွက် ကမ္ဘာ့ပဲပုပ်ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ USDA  ရဲ့ ခန့်မှန်းမှုအပေါ်ကိုလည်း ဈေးကွက်မှ စောင့်ကြည့်တဲ့ အနေအထားရှိနေပါတယ်။ ပဲပုပ်အဓိက စိုက်ပျိုးတဲ့ အာဂျင်တီးနားနဲ့ ဘရာဇီးတို့ရဲ့ ထွက်ရှိမှု ကျဆင်းခြင်းက စားအုန်းဆီကြမ်းဈေး ထပ်မံကျဆင်းမှုကို ကန့်သတ်စေနိုင်မယ်လို့ ကုန်သည်တစ်ဦး က ဆိုပါတယ်။ လက်ငင်းဈေးကွက်မှာ ဇန်နဝါရီလသင်္ဘောတင်ရမယ့် သန့်စင်ပြီး စားအုန်းဆီတစ်တန် ကန်ဒေါ်လာ ၁၀၇၇ ဒသမ ၅၀ ရှိပြီး၊ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးက တစ်တန် ရင်းဂစ် ၃၀ လျော့ပြီး၊ ရင်းဂစ် ၃၂၂၀ (ကန်ဒေါ်လာ ၁၀၂၈)နဲ့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ယုဇန၊Source: Palmoilhq.com