ပဲတီစိမ်း(အညာ)ကို တရုတ်ဝယ်အားပုံမှန်ရှိ
ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၈၆၀ ၈၈၄ ၂ မန္တလေး ၁ ပိဿာ ၈၈၉ ၉၃၃ ၃ ပြည် ၁ ပိဿာ ၇၅၅ ၈၂၅ ၄ မကွေး ၁ ပိဿာ ၇၉၀ ၇၆၅ ၅ အောင်လံ ၁ ပိဿာ ၈၂၅ ၉၀၀ ၆ ပခုက္ကူ ၁ ပိဿာ ၇၃၆ ၇၈၉ပဲတီစိမ်း(အညာ)ကို တရုတ်ဝယ်အားပုံမှန်ရှိ မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကို တရုတ်ဝယ်လက်က အရည် အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၃၃ ကျပ်(တစ်တန်ကို ၅၇၁၃၅၉ ကျပ်)နဲ့ တစ်ရက်ကိုအိတ် ၁၂၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ ဆိုပါတယ်။ ပဲကဈေးကွက်ကို အဝင်ပုံမှန်ရှိနေတယ်။ တရုတ်ကလည်း ဈေးပေးအဝယ်ရှိနေတယ်။ ဒါကြောင့် တက်ဈေးမှာ ရောင်းလက်များ အရောင်းပိုများလာတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းကို မန္တလေးအဆွဲပုံမှန်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၈၄ ကျပ်(တစ်တန်ကို ၅၄၁၃၅၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်အ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ပဲ တီစိမ်းက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို မန္တလေး-ရန်ကုန်ဝယ်လက် ကလည်း အရည်အသွေးအပေါ်မူတည်ပြီး အဝယ်ရှိနေတယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၃၀ ကျပ် (တစ် တန်ကို ၅၀၈၂၈၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၃၀ ကျပ် (တစ် တန်ကို ၅၀၈၂၈၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ အောင်လံဈေးကွက်မှာ ပဲတီစိမ်းကို မန္တလေးဝယ်လက် က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ ပြီး တစ်ပိဿာကို ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ဈေးကွက် သို့ ကံမ၊ အောင်လံနဲ့ ဥသျှစ်ပင်မြို့နယ်များမှ ပဲတီစိမ်းတွေအဝင်လှိုင်လာသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၈၂၅ ကျပ်(တစ်တန်ကို ၅၀၅၂၂၁ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
