ပြောင်း စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ တောင်ကြီး ၁ ပိဿာ ၂၆၀ ၂၆၀ ၂ လားရှိုး ၁ ပိဿာ ၃၂၀ ၃၂၀ ၃ မူဆယ် ၁ တန် ၂၃၂၀၃၈ ၂၃၇၉၂၀ ၄ မန္တလေး ၁ ပိဿာ ၃၁၅ ၂၉၆ပြောင်းကို တရုတ်နဲ့ အစာစပ်များ ဝယ်အားပုံမှန်ရှိ တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ဝင်ရောက်မှု ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ် ငန်းရှင်များကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၂၆၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာ ချိန် ၄၀၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းကအဝင်ရှိသလောက် တရုတ်အဆွဲရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြောင်းဈေးကကောင်းလို့ ဈေး ကွက်ထဲမှာ ရောင်းသူကုန်သည်များ အရောင်းများလာတယ်။ ဒါ ကြောင့် အရောင်းအဝယ်ဖြစ်မှု ပမာဏလည်း ပိုများလာတယ်လို့ ဒေသခံကုန်သည်များက ဆိုပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်း ကိုအဝင်ရှိသလောက် တရုတ်အဆွဲသွက်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၂၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၃၀၅၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
Background