ထိုင်ဝမ်(ကုလားပဲ)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံခွဲစက်တွေ ဝယ်အားပုံမှန်ရှိ

ထိုင်ဝမ်ကုလားပဲ    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်    ယခု    ပြောင်းလဲမှု ၁    မန္တလေး           ၁ ပိဿာ         ၈၈၀     ၉၃၃             ၂    မကွေး             ၁ ပိဿာ         ၈၅၅      ၈၇၀      ၃    ပခုက္ကူ             ၁ ပိဿာ          ၈၅၀     ၉၀၀     ၄    မုံရွာ                ၁ ပိဿာ          ၈၉၅     ၉၂၁     ၅    အောင်လံ         ၁ ပိဿာ          ၈၅၀     ၈၇၅     ၆    မြင်းခြံ             ၁ ပိဿာ          ၈၅၀     ၈၅၀ ၇    ပြည်              ၁ ပိဿာ           ၈၆၅     ၈၈၀ ၈    ရေစကြို          ၁ ပိဿာ           ၈၄၅     ၈၉၅  ထိုင်ဝမ်(ကုလားပဲ)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံခွဲစက်တွေ ဝယ်အားပုံမှန်ရှိ    မန္တလေးဈေးကွက်မှာ ကုလားပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံ ပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၃၃ ကျပ် (တစ်တန်ကို ၅၇၁၃၅၉ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ မြို့ခံပဲခွဲစက်တွေက ပစ္စည်းဝယ် ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားများလာတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၇၀ ကျပ်(တစ်တန်ကို ၅၃၂၇၇၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ ကုလားပဲကို မြို့ခံခွဲစက် တွေက ဝယ်အားခပ်ပါးပါးသာရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်) နဲ့ တစ်ရက်ကို အိတ် ၅၀ ခန့်သာ  ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်လံဈေးကွက်မှာ  ကုလားပဲကို ဒေသတွင်းခွဲစက်သမားများ ကဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်)နဲ့ နေ့စဉ် အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံခွဲစက်လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။ ပြည်ဈေးကွက်သို့ ကုလားပဲအဝင်မရှိဘဲ လက်ကျန်ပဲများကိုသာ ခွဲစက်သမားများက တစ်ပိဿာ ၈၈၀ ကျပ် (တစ်တန်ကို ၅၃၈၉၀၃ ကျပ်) နဲ့တစ်နေ့ကို အိတ် ၂၀၀ မှ ၃၀၀ ကြားအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ ကုလား ပဲကို ဒေသသုံးခွဲစက်နဲ့ အမှုန့်ကြိတ်စက်များအပြင် ရန်ကုန်ဝယ်လက် ပါ ဝယ်အားများပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းရှားလို့ အရောင်းအဝယ်ထင်သလောက် မဖြစ်ခဲ့ဘူးလို့ မြို့ခံပဲကုန်သည် တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၂၁ ကျပ် (တစ်တန်ကို ၅၆၄၀၁၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်သာ ရှိခဲ့တယ်လို့ သိရပါတယ်။