Main menu

Background

ကုလားပဲဖြူလုံးကြီးပစ္စည်းရှားပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ

Mon, 01/16/2012 - 05:56 -- Anonymous (not verified)

ကုလားပဲဖြူလုံးကြီး    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်    ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်    ၁ ပိဿာ          ၁၀၅၀     ၁၀၀၀               ၂    မန္တလေး          ၁ ပိဿာ           ၉၂၆       ၉၄၃         ၃    မုံရွာ              ၁ ပိဿာ            ၉၂၁       ၉၄၇        ၄    မြင်းခြံ           ၁ ပိဿာ            ၈၀၀       ၈၀၀ကုလားပဲဖြူလုံးကြီးပစ္စည်းရှားပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ    မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို  အိတ်စပို့အ တွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်အား ပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်း သွားပြီဖြစ်ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၄၃ ကျပ်(တစ်တန်ကို ၅၇၇၄၈၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းခွဲစက်တွေက ဝယ်လိုအားများပေမယ့် ပစ္စည်းရှားလို့ ရောင်းလက်ပါးခဲ့တယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၄၇ ကျပ် (တစ်တန် ကို ၅၇၉၉၃၃ ကျပ်) နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။