Main menu

Background

ပဲစင်းငုံနီ အဝင်သွက်သလို အဝယ်လည်းသွက်လာ

Mon, 01/16/2012 - 06:06 -- Anonymous (not verified)

ပဲစင်းငုံနီ    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်         ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်    ၁ တန်         ၄၆၈၀၀၀    ၄၉၀၀၀၀                ၂    မန္တလေး         ၁ ပိဿာ         ၇၉၀           ၈၀၀         ၃    မုံရွာ             ၁ ပိဿာ          ၈၀၀           ၈၁၀        ၄    ပခုက္ကူ          ၁ ပိဿာ          ၇၉၀           ၈၀၅            ၅    မြင်းခြံ          ၁ ပိဿာ           ၇၇၅          ၈၀၀            ၆    အောင်လံ     ၁ ပိဿာ           ၇၉၀          ၈၀၅            ၇    မကွေး         ၁ ပိဿာ           ၇၈၀           ၈၀၀                    ၈    ပြည်           ၁ ပိဿာ            ၇၇၅        ၈၀၀    ပဲစင်းငုံနီ အဝင်သွက်သလို အဝယ်လည်းသွက်လာ    ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ(RC) ကို အိတ်စပို့အဆွဲအားကောင်းနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး  တစ်တန်ကို အနိမ့်ဆုံး ၄၆၈၀၀၀ ကျပ်မှအမြင့်ဆုံး ၄၉၀၀၀၀ ကျပ်အတွင်း တန် ၄၇၁၅ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲရဲ့အရည်အသွေးကို ဝယ်လက်တွေက ကြိုက်နှစ်သက် တာကြောင့် ဈေးပေးအဝယ်ရှိနေသလို ရောင်းလက်တွေကလည်း အဆိုပါဈေးကို ကြိုက်နှစ်သက်လို့ အရောင်းအဝယ်ဖြစ်မှုပမာဏပို များလာတာလို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ မန္တလေးဈေးကွက် မှာ ငုံနီ(ဟောင်း)က လှောင်လက်တွေထံမှာ  ပစ္စည်းလက်ကျန်နည်း သွားပေမယ့် ဈေးကွက်ထဲအခုဝင်ရောက်လာတဲ့ ငုံနီ(သစ်)တွေက တော့ အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အဆွဲ သွက်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၀၀ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မြင်းခြံဈေး ကွက်မှာ ငုံနီ(သစ်)ကို ရန်ကုန်အဆွဲနည်းပြီး လက်ကျန်ပဲဟောင်းကို သာ အဆွဲများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ငုံနီ (သစ်) တစ်ပိဿာ ၈၀၀ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၅၀ ခန့်၊ ငုံနီ(ဟောင်း)တစ်ပိဿာ ၆၈၅ ကျပ်(တစ်တန်ကို ၄၁၉၄၈၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းမြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မကွေးဈေးကွက်မှာ ငုံနီ(သစ်) ရော (ဟောင်း)ပါ ရန်ကုန်အဆွဲပုံမှန်ရှိခဲ့တယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက ငုံနီ(သစ်)တစ်ပိဿာ ၈၀၀ ကျပ် (တစ်တန်ကို ၄၈၉၉၁၂ ကျပ်)၊ ငုံနီ(ဟောင်း) တစ်ပိဿာ ၇၂၅ ကျပ် (တစ်တန်ကို ၄၄၃၉၈၂ ကျပ်)နှင့် နေ့စဉ် အိတ် ၁၂၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ မုံရွာဈေးကွက်မှာ ပဲဟောင်းအရောင်းအ ဝယ်သွက်သလို ပဲသစ်ကလည်း ဝင်သလောက်အရောင်းသွက်ခဲ့တယ် လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ နယ်ခံကုန်သည်တွေအနေနဲ့ လက် ကျန်ပဲဟောင်းတွေ အရောင်းသွက်နေသလို ပဲသစ်တွေလည်း ဈေး ကွက်ထဲအဝင်လှိုင်နေပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ငုံနီ(သစ်) တစ်ပိဿာ ၈၁၀ ကျပ်(တစ်တန်ကို ၄၉၆၀၃၅ ကျပ်) ငုံနီ(ဟောင်း) တစ်ပိဿာ ၇၃၀ ကျပ်(တစ်တန်ကို ၄၄၇၀၄၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။