Main menu

Background

မြင်းခြံကုန်စည်ဒိုင်တွင် ဝယ်ယူလိုတဲ့ဈေးနှုန်း ကြေညာ၍ ကုန်ချိန်အများဆုံး ဝယ်သူတစ်ဦး၏ ဈေးနှုန်းအား နေ့စဉ်ပေါက်ဈေးသတ်မှတ်

Mon, 01/16/2012 - 06:12 -- Anonymous (not verified)

မြင်း၊ခံကုန်စည်ဒိုင်မှာ ကုန်စည်ပစ္စည်းများ အရောင်းအဝယ်ပြု လုပ်ရာမှာ ကုန်ပစ္စည်းအရေအတွက် အများဆုံး အရောင်းအဝယ် ဖြစ်တဲ့ဈေးနှုန်းကို အခြေခံပြီး နေ့စဉ်ပေါက်ဈေးနှုန်း သတ်မှတ် ကြောင်း သိရပါတယ်။ပေါက်ဈေးကို အဆုံးအဖြတ်ပေးရာမှာ ဝယ်ယူသူတစ်ဦးတည်း က နှမ်း၊ ပဲမျိုးစုံ၊ မြေပဲဆံနှင့် ကြက်သွန် ပိဿာချိန် ၁၀၀၀ နှင့် အထက် ဆန်အိတ် ၁၀၀ နှင့်အထက်၊ ဆီပေပါ ၅ လုံး ၅၇၅ ပိဿာ နှင့်အထက် ရောင်းဝယ်ဖြစ်တဲ့ဈေးနှုန်းကို ဝယ်ယူမှုပေါက်ဈေးအဖြစ် သတ်မှတ်ကြောင်း သိရပါတယ်။ဈေးပေးဝယ်ယူရာမှာ ဝယ်ယူလိုတဲ့ဈေးကို အများထင်သာ အောင်လည်းကောင်း၊ လုပ်ငန်းကြီးတစ်ဦးချင်းစီနဲ့ အများမြင်သာ အောင်လည်းကောင်းရေးပြီး ဈေးတင်ပေးထားပါတယ်။ ဈေးနှုန်းတင် ရာမှာ ရောင်းလိုတဲ့ပစ္စည်း၊ အိတ်အရေအတွက်နဲ့ ဈေးနှုန်းကို ဝယ်ယူ လိုသူ၊ ရောင်းချလိုသူ အမည်များရေးပြီး နေ့စဉ်ဖော်ပြ အရောင်း အဝယ်ပြုလုပ်မှုရှိကြောင်း သိရပါတယ်။မြင်းခြံကုန်စည်ဒိုင်အတွင်းရေးမှူး ကိုအောင်ကျော်ကျော်က "ကျွန်တော်တို့ဆီမှာ လေလံစနစ်နဲ့ အရောင်းအဝယ်လုပ်တာ။ ရောင်း လိုတဲ့ပစ္စည်း၊ ဝယ်လိုတဲ့ပစ္စည်းကို အများမြင်သာအောင် ကြော်ငြာ ကပ်ပြီးမှ အရောင်းအဝယ်လုပ်တယ်။ လေလံစနစ်နဲ့ ဈေးဖွင့်ဝယ်တာ ကို တောင်ကြီးကုန်စည်ဒိုင်ရယ်၊ မြင်းခြံကုန်စည်ဒိုင်ရယ်ဘဲ ပြုလုပ် တယ်။ မြင်းခြံမှာတော့ အောင်မြင်လာပြီ။ အများဆုံးဖြစ်တဲ့ အရေ အတွက်ကိုပဲ ဈေးကွက်တင်တော့ ဈေးနှုန်းထိန်းထားလို့ရတယ်။ လေလံစနစ်က ဈေးကွက်ငြိမ်အောင်၊ လက်ကြီးသမားတွေကလည်း ဈေးမနှိမ်နိုင်အောင် ဆောင်ရွက်ထားလို့ ဒီစနစ်ကိုအားလုံးလက်ခံ တယ်။ လက်ကြီးသမားကို သတ်ချင်လို့ ဈေးလျှော့ဝယ်မယ်ဆိုလည်း ရေရှည်မလုပ်နိုင်ပါဘူး။ ဈေးနှုန်းချန်ရင် တဖြည်းဖြည်း နောက်ရောက် သွားမှာပဲ။ မန္တလေးဈေးက ကျပ် ၆၀၀ ဆို ဒီမှာ ကျပ် ၆၅၀ ဖြစ်ရင် အဖြေလွဲပြီ။ ရေရှည်မလုပ်နိုင်ဘူး။ သယ်ယူစရိတ်ကတော့ ကွာလိမ့် မယ်။ မြင်းခြံမှာရေကြောင်း မရှိလို့ မြင်းခြံပဲစင်းငုံကျပ် ၆၀၀ ပေါက်ရင် ပြည်မှာ တစ်ပိဿာ ကျပ် ၆၂၀ ရှိရင်လက်ခံတယ်။ တစ်မြို့နဲ့ တစ် မြို့ သယ်ယူစရိတ်ကတော့ ကွာလိမ့်မယ်။ ဈေးနှုန်းအတက်အကျ ရှိပါတယ်"လို့ ပြောပါတယ်။မြင်းခြံကုန်စည်ဒိုင်မှာ ဆန်၊ ဆီ၊ ပဲမျိုးစုံ၊ ထန်းလျက်နဲ့ မီးဖို ချောင်သုံးသီးနှံ(ကြက်သွန်နီ) များ အရောင်းအဝယ်ရှိကြောင်း သိရပါ တယ်။ မြင်းခြံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးတင်လှိုင်က "နေ့စဉ်ပေါက်ဈေး တင်ပေးတာ ၅ လ၊ ၆ လရှိပြီ။ မြို့ပေါ်ကဈေးနဲ့ မီလာတယ်။ သယ် စရိတ်ပဲကွာတော့တာ။ ဒီလေလံစနစ်က စိုက်ပျိုးသူ၊ စက်ပိုင်၊ ထုတ် လုပ်သူ၊ ကုန်သည်အတွက် အဆင်ပြေတာပေါ့။ ကြက်သွန်၊ ငရုတ်က ဒိုင်ပြင်ပပွဲရုံမှာပဲ အရောင်းအဝယ်လုပ်ကြတယ်။ ပစ္စည်းကွာတော့ ဈေးဖြတ်ဖို့ခက်တဲ့အတွက် နေရာမှာသွားပြီး အရောင်းအဝယ် လုပ် ကြတာ။ ရုံးဆက်သွယ်ရေးအများကြီးလိုအပ် သေးတယ်။ ကုန်စည် ဒိုင်တွေက မကွေး၊ ပခုက္ကူ၊ မန္တလေး၊ ပြည်၊ မုံရွာ၊ ရန်ကုန်ဒိုင်က ဈေးနှုန်းတွေကို ချိတ်ဆက်ပြီး ဆောင်ရွက်တယ်"လို့ ပြောပါတယ်။ဒိုင်မှာကုန်ပစ္စည်းဝယ်ယူတဲ့ ကုန်သည်များမှ ဒေါ်လာလဲဈေး၊ မွန်ဘိုင်းဈေးနဲ့ မြို့ကြီးများရှိ ပေါက်ဈေးနှုန်း ပေါ်အခြေခံပြီး ဝယ်ယူမှု ပြုလုပ်ကြောင်း သိရပါတယ်။                           ဇူးဇူး