Main menu

Background

မန္တလေးမြို့တွင် အိမ်ခြံမြေအငှားသွက်၊ ဈေးနှုန်းမြင့်လာ

Mon, 01/16/2012 - 06:20 -- Anonymous (not verified)

မန္တလေးမြို့၊ မြို့တွင်းနဲ့မြို့သစ်ရှိ အိမ်ခြံမြေများအား ငှားရမ်း မှုများလာခြင်းကြောင့် အငှားဈေးနှုန်းဈေး  မြင့်လာကြောင်း သိရပါတယ်။ အိမ်ခြံမြေအကျိုးဆောင် ဦးမြင့်လွင်က " ခါတိုင်း ဆိုရင် ဒီအချိန်ကာလမှာ အိမ်ငှားက ပြောင်းရွှေ့တာ မလုပ်ကြ ဘူး။ ဒီနှစ်မှာ မြို့တွင်းလည်း မြို့တွင်းအလျှောက်၊ မြို့သစ်လည်း မြို့သစ်အလျှောက် ငှားရမ်းမှုတွေရှိတယ်။ မနှစ်ကထက်စာရင် ဈေးလည်းတက်လာတယ်။ မြို့တွင်းမှာဆို ဆိုင်ဖွင့်ဖို့ ငှားတဲ့သူ များတယ်။ ခုလထဲမှာဆိုင်ကယ် အရောင်းဆိုင်ဖွင့်တဲ့သူများလာ တယ်။ လျှပ်စစ်ဆိုင်ကယ်ဘီးဆိုင်တွေလည်း ဖွင့်တာများတယ်။ မြို့သစ်ပိုင်းက ဆောက်လုပ်ရေးလုပ်ငန်း ဆက်စပ်လုပ်ကိုင်တဲ့သူ ငှားတာများတယ်။ နေထိုင်ဖို့အိမ်ရာငှားတဲ့သူလည်း များလာ တယ်"လို့ ပြောပါတယ်။အိမ်ခြံမြေ ငှားရမ်းမှုများလာခြင်းကြောင့် မြို့တွင်းပိုင်းမှာ အဆောက်အအုံအကျယ်အဝန်း၊ မြေအနေအထား ပေါ်မူတည် ပြီး ကျပ် ၅၀၀၀၀ နဲ့ ၁၀၀၀၀၀ ကျပ်ကြား ဈေးမြင့်တက်မှုရှိပြီး၊ မြို့သစ်ပိုင်းမှာကျပ် ၅၀၀၀ နဲ့အထက် ဈေးမြင့်လာကြောင်း သိရ ပါတယ်။ မဟာမြိုင်ရပ်ကွက်ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက "မဟာမြိုင်က မြို့တွင်းနဲ့နီးတော့ ရိုးရိုးအိမ်ကလေးကို တစ်လ တစ်သိန်းခွဲရှိတယ်။ အိမ်ကောင်းရင် ၃ သိန်းအထက်မှာရှိတယ်။ တစ်သိန်းအောက်ခံ ငှားဖို့မရှိဘူး။ အိမ်ငှားတဲ့သူ  များလာတဲ့ အတွက်ရွေးစာရာလည်းနည်းတယ်။ အိမ်ငှားတဲ့သူတွေက လည်း ဈေးတက်မှာစိုးလို့ အရင်လို ၆ လစာ၊ တစ်နှစ်စာမချုပ် တော့ဘဲ ၂ နှစ်၊ ၃ နှစ်စာပေးပြီး စာချုပ်ချုပ်လာကြတယ်။ အိမ်ငှား ဈေး ကောင်းလို့ တချို့ဆို ကိုယ်လည်းနေရင်းနဲ့ ပိုတဲ့အခန်းကို ငှားရမ်း မှုလည်း ပြုလုပ်ကြတယ်"လို့ ပြောပါတယ်။အိမ်ခြံမြေငှားရမ်းမှုနှုန်းမှာ အိမ်အဆောက်အအုံ ပုံသဏ္ဌာန် နဲ့ မြေအကျယ်အဝန်း၊ နေရာအနေအထားပေါ် မူတည်ခြင်း ကြောင့် မြင့်တက်လျက်ရှိပါတယ်။ အိမ်ခြံမြေငှားရမ်းမှု မြင့်တက် ခြင်းကြောင့် နေ့စားလုပ်ကိုင်သူများမှာ မြို့သစ်အရှေ့ဖျားမှာ ငှားပြီးနေထိုင်မှုများကြောင်း သိရပါတယ်။    မြို့သစ်မှာ ငှားရမ်း နေထိုင်သူတစ်ဦးက "ကျွန်တော်က သံပန်းလုပ်ကိုင်တာ ဖြစ်တဲ့ အတွက် မြို့တွင်းမှာ ငှားနေလို့မရဘူး။ မြို့သစ်မှာက ပန်းရံလုပ် တဲ့သူ၊ သံချီသံကွေး၊ လက်သမား၊ မီးဆရာတွေအများဆုံးနေ ကြတော့ တစ်ယောက်နဲ့ တစ်ယောက်က အလုပ်ဆက်စပ်နေ တယ်။ အဆောက်အအုံတစ်လုံးရရင် ချိတ်ဆက်ပြီးအလုပ်ဝင် လို့ရတဲ့အတွက် မြို့သစ်မှာပဲငှားနေတာ။ တွန်တုံးရပ်မှာ ငှားနေ တာ လုံးချင်းပျဉ်ထောင်အိမ်ကို တစ်လမှာ ကျပ် ၇၀၀၀၀ ပေးငှား ရတယ်။ ၆ လငှားတာနည်းသွားပြီး ၁ နှစ်လောက်ငှားရတယ်"လို့ ပြောပါတယ်။အိမ်ခြံမြေဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ငှားရမ်းမှုဈေး ကွက်မြင့်တက်လာရခြင်းဖြစ်ကြောင်း သိရပါတယ်။ နေ့စားလုပ် ကိုင်သူများအတွက် အိမ်ခြံမြေဈေးမြင့်တက်လာခြင်းကြောင့် အိမ် ပိုင်နေနိုင်ရန် အခြေအနေနည်းနေကြောင်း အိမ်ငှားရမ်းနေထိုင် သူများမှ ပြောပါတယ်။                              ဇူးဇူး