Main menu

Background

သစ်သီးဝလံအမယ်အတော်များများ နယ်စပ်မှ ကုန်သွယ်မှုရှိ

Mon, 01/16/2012 - 06:24 -- Anonymous (not verified)

ပန်းသီး။    ကန်ဒေါ်လာ သုည ဒသမ ၄၅၉ သန်းတန်ဖိုးရှိ ပန်းသီးတန် ၁၀၀၀ ကျော် ယခုအပတ် နယ်စပ်ကုန် သွယ်ရေး စခန်းများဖြစ်တဲ့ မူဆယ်၊ ကန်ပိုက်တီးနဲ့ မြဝတီနယ်စပ်များမှ အသွင်းရှိခဲ့ပါတယ်။ မူဆယ်မှ ၉၆၉ တန် ကျော်၊ ကန်ပိုက်တီးမှ ၃၅ တန်နဲ့ မြဝတီမှ ၉ တန် အသီးသီး တင်သွင်းခဲ့ထားဖြစ်ပါ တယ်။ မြန်မာ - အိန္ဒိယ နယ်စပ်ရှိ တမူးနယ်စပ်မှ ကန်ဒေါ် လာ သုည ဒသမ ၀၀၀၅ သန်းတန်ဖိုးရှိ ပန်းသီးဂျပ်ဖါ၁၄၀ အပို့ ရှိခဲ့တယ်လို့ သိရပါတယ်။ဖရဲသီး။    ယခုအပတ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၀၆၈ သန်းတန်ဖိုးရှိ ဖရဲသီး ၁၂၈၅၅ တန် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ အပို့ရှိခဲ့ပါတယ်။ ဖရဲကားနေ့စဉ်ပျမ်းမျှ အစီး ၁၀၀ ကျော်မှ ၂၀၀ အထက်ရှိနေတယ်လို့ သိရ ပါ တယ်။ ယခင်အပတ်ကထက် တန် ၃၁၀၀ ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။သခွားမွှေး။    ကန်ဒေါ်လာ သုည ဒသမ ၂ သန်းတန်ဖိုးရှိ သခွားမွှေး တန် ၉၀၀ ကျော် ယခုအပတ်မှာ အပို့ရှိခဲ့ပါတယ်။ သခွားမွှေးကားတွေကတော့ တစ်နေ့ပျမ်းမျှ ၁၀ စီးခန့် တင်ပို့မှု ရှိနေတာပါ။ ယခင်အပတ်ကထက် တန် ၂၀ ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။တည်သီး။      မြဝတီနယ်စပ်မှ ကန်ဒေါ်လာသုည ဒသမ ၄၀၆ သန်းတန်ဖိုးရှိတည်သီး ၁၄ တန်ကျော် ယခုအပတ်မှာ အသွင်း ရှိခဲ့ပါတယ်။ တည်သီးနဲ့ သလဲသီးများကို   ဒီဇင်ဘာလကစပြီး လုပ်ထုံးလုပ်နည်းများနဲ့အညီ တရားဝင် လွတ်လပ်စွာ ရာသီ မရွေး တင်သွင်းခွင့် ပြုထားပြီးဖြစ်ပါတယ်။ မြဝတီနယ်စပ်မှ ပုံမှန် အသွင်းရှိနေတာ တွေ့ရပါတယ်။ထောပတ်သီး။    ဇန်နဝါရီလ ၄ ရက်မှ ၁၀ ရက်ထိ ကာ လ အတွင်းကျပ် ၂ ဒသမ ၆၄၀ သန်းတန်ဖိုးရှိ ဒေသထွက် ထောပတ်သီး ၁၇ တန်ကျော်ကို ရိဒ်နယ်စပ်မှ တစ်ဖက် နိုင်ငံသို့ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။တစ်ရှူးငှက်ပျော။    ကန်ဒေါ်လာ သုည ဒသမ ၀၀၉ သန်း တန်ဖိုးရှိ တစ်ရှူးငှက်ပျော ၇၃ တန်ခန့် ယခုအပတ် အတွင်းမှာ ကန်ပိုက်တီးနယ်စပ်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။MIRT(DOBT)