မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၀၃ သန်းတန်ဖိုးရှိ ငါးရှဉ့် ၁၄၃ တန်ကျော်၊ ရေငန်ငါးမျိုးစုံ ၁၉၇ တန်နဲ့ ကဏန်း ၈၂ တန်ခန့် အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၂၉၇ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၆၈ သန်းတန်ဖိုးရှိ ငါးရှဉ့် ၃၄ တန်ခန့် အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် ၁၅ တန်ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ တန် ၁၀၀ ခန့်၊ ပုစွန် ၉ တန်ကျော်၊ ကဏန်း ၅ တန်ခန့်၊ ဘီလား သုည ဒသမ ၈၀ တန်နဲ့ငါးရှဉ့် သုည ဒသမ ၆၄ တန် စုစုပေါင်း ရေထွက်ကုန် ၁၁၆ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကလည်း ၁၁၁ တန်ကျော် အပို့ရှိခဲ့တာမို့ မြဝတီမှ ရေထွက်ကုန်တင်ပို့မှုမှာ ပုံမှန်အနေအထား ဖြစ်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့စစ်တွေနယ်စပ်မှကန်ဒေါ်လာ သုညဒသမ ၁၆၅ သန်းတန်ဖိုး ရှိ ရေချိုငါး ၁၆၂ တန်၊ ငါးစုံလေးခြောက် ၃ တန်နဲ့ ငါးနီတူခြောက် ၁ တန်၊ မောင်တောနယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၁၇၇ သန်းတန်ဖိုးရှိ ရေငန်ပုစွန် ၃ ဒသမ ၃၇၈ သန်း၊ ရေချိုပုစွန် ၁ ဒသမ ၄၀၅ သန်း၊ ငါးနီတူခြောက် ၉၁ ဒသမ ၃၃၈ တန်နဲ့ ငါးစုံလေးခြောက် ၇၉ တန်ကျော်ကို ဇန်နဝါရီလ ၄ ရက်မှ ၁၀ ရက် အထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် ၁၈ တန်ခန့် အပို့ပိုခဲ့ပါတယ်။ စစ်တွေနယ်စပ်မှ ရေချိုငါး၊ ငါးစုံလေးခြောက်တို့ အပို့ သိသိ သာသာလျော့နည်းခဲ့သော်လည်း မောင်တောနယ်စပ်မှ ရေချိုပုစွန်၊ ငါးနီတူခြောက်နဲ့ ငါးစုံလေးခြောက် အပို့ သိသိသာသာ ပိုမိုခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)
Background