Main menu

Background

မူဆယ်မှ ပရဆေးအပို့လျော့ တမူးမှ အသွင်းအနည်းငယ်ပို

Mon, 01/16/2012 - 06:26 -- Anonymous (not verified)

    မြန်မာ - တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၇၇၄ သန်းတန်ဖိုးရှိ ဇီးဆံ ၄၅ တန်ခန့်၊ ဝဥခြောက် ၁၀၇ တန်ကျော်၊ ချဉ်ပေါင်ဖာလာ (အခွံပါ) ၂၂ တန်ခန့်၊ မိကျောင်းကွမ်းဖတ်စေ့ ၂၇ တန်ခန့်၊ ကွမ်းစားဂမုန်း ၃၂ တန်ကျော်၊ နနွင်းတက်(ရှမ်းစ) တန် ၂၀ နီးပါး၊ ကြောင်လျှာစေ့ ၃၁ တန်၊ ပီလောပီနံဥအစို ၂၅၇ တန်၊ ဒရင်ကောက်မြစ် တန် ၄၀ နီးပါး၊ တောဂျူးမြစ် ၉ တန်ခန့်၊ ကြောင်ပန်းစေ့ ၅ တန် ခန့်၊ တောချင်း ၃ တန်နဲ့ မာလာဥ သုည ဒသမ ၀၀၁ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ချဉ်ပေါင်ဖာလာ (အခွံပါ)၊ ကွမ်းစား ဂမုန်း၊ နနွင်းတက် (ရှမ်းစ)၊ ကြောင်လျှာစေ့၊ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်နဲ့ တောဂျင်း၊ မာလာဥတို့ အသွင်းပိုခဲ့ပြီး ဆီးဆံ၊ ဝဥခြောက်၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ ပီလောပီနံဥအစိုနဲ့ တောဂျင်းတို့ အပို့လျော့ခဲ့ပါတယ်။ တမူးနယ်စပ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ တန်ဖိုးရှိ ဟင်းရိုင်းဖြူသုည ဒသမ ၁ တန်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၀၆ သန်းတန်ဖိုး ရှိ ဖာလာ သုညဒသမ ၈ တန် အသွင်းရှိခဲ့ပါတယ်။ တမူးမှ ယခင်အပတ်တင်သွင်းမှုနဲ့ နှိုင်းယှဉ်ပါက တင်သွင်းမှုအနည်း ငယ် ပိုခဲ့ပါတယ်။                     MIRT (DOBT)