မြန်မာ - အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်စခန်းမှ ဇန်နဝါရီလ ၄ ရက်မှ ၁၀ ရက်အထိ ကာလအတွင်း ကျပ် ၁၇ သန်းကျော် တန်ဖိုးရှိ ဝက်အရှင် ၁၂၉၄၇ ကီလိုဂရမ် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ကီလို ၁၈၀ နီးပါး အပို့ပိုခဲ့ပါတယ်။ ဘဏ္ဍာနှစ် ၉ လတာကာလမှာ ရိဒ်နယ်စပ်မှ ဝက်အရှင်တင်ပို့မှု စုစုပေါင်းမှာ ၂၀၇၃၀၅ ကီလိုဂရမ်ရှိပြီး ဖြစ်ပါတယ်။ မြန်မာဝက်များဟာ အခေါက်ပါးပြီး အဆီများတဲ့ အချက်က ဝယ်လက်ကို အကြိုက်တွေ့ စေလျက်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ခုနှစ်အတွင်း လအလိုက် ရိဒ်နယ်စပ်မှ ဝက်အရှင်တင်ပို့နိုင်မှုများကို အသိပေးလိုက်ရပါတယ်- လ တန်ချိန် တန်ဖိုး (ဒေါ်လာ) ဧပြီ ၂၀.၅၂၅ ၃၂၆၉၆.၈၀ မေ ၂၄.၆၉၆ ၄၀၈၁၂.၄၅ ဇွန် ၁၄.၄၀၇ ၂၅၀၁၅.၉၆ ဇူလိုင် ၇.၄၉၅ ၁၂၉၁၅.၉၁ သြဂုတ် တင်ပို့မှုခေတ္တနား စက်တင်ဘာ ၆.၄၀၀ ၁၁၁၂၆.၉၀ အောက်တိုဘာ ၄၇.၂၅၀ ၈၀၂၁၃.၇၆ နိုဝင်ဘာ ၇၄.၃၁၂ ၁၃၀၅၂၂.၃၆ ဒီဇင်ဘာ ၅၄.၇၄၅ ၉၆၇၇၅.၀၀ MIRT (DOBT)
Background