Main menu

Background

တရုတ်နိုင်ငံက သကြားသိုလှောင်ဖို့ အစီအစဉ်ကို စဉ်းစားနေ

Mon, 01/16/2012 - 06:43 -- Anonymous (not verified)

    တရုတ်နိုင်ငံမှာ ကြံတောင်သူတွေကို အကူအညီပေးဖို့နဲ့ ပြည်တွင်းဈေးကို ကြမ်းခင်းဈေး တစ်ခုသတ်မှတ်ဖို့ အတွက် ယခုနှစ် သကြားဖြူတန်ချိန် ၂ သန်းခန့် သိုလှောင်ဖို့ အစီအမံတစ်ခုကို စဉ်းစားနေတယ်လို့ သိရပါတယ်။ ဈေးကွက်ပိုင်းဆိုင် ရာ တာဝန်ယူရတဲ့ စီးပွားရေး၊ စီမံကိန်းအေဂျင်စီဖြစ်တဲ့ နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ ပြန်လည်တည်ဆောက် ရေးကော်မရှင် (NDRC)ဟာ ဗဟိုအစိုးရမှ ဝယ်ယူမယ့် တန်ချိန် ၁ သန်း၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဝယ်ယူမယ့် တန်ချိန် ၆ သိန်းနဲ့ အခြားဒေသအာဏာပိုင်များ ဝယ်ယူမယ့်တန်ချိန် ၄ သိန်းတို့နဲ့ ပတ်သက်တဲ့ အစီအမံကို စဉ်းစားနေကြောင်း လေ့လာဆန်းစစ်သူများက ဆိုပါတယ်။    အစိုးရက သကြားတစ်တန် အနိမ့်ဆုံးဝယ်ယူဈေး တစ်တန် ယွမ် ၆၅၀၀ (ကန်ဒေါ်လာ ၁၀၂၉)ဈေးနဲ့ ဝယ်ယူမယ့် အစီအစဉ်အပေါ်  NDRC မှ အဲဒီလို ဈေးအမြင့်နဲ့ဝယ်ယူမှုကိုသဘောတူဆန္ဒမရှိဘူးလို့ သိရပါတယ်။ တရုတ်နိုင်ငံသကြား ဈေးဟာ ယခင်နှစ်က ကမ္ဘာ့သကြားပိုလျှံမှုနဲ့ ပမာဏများစွာ တင်သွင်းမှုတို့ကြောင့် ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။    ဒါပေမယ့် အစိုးရကတော့ ပြောင်းအပါအဝင် အခြားစိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းများ အထောက်အပံ့ပြုဖို့ ဈေးနှုန်းတွေကို တိုးမြင့်ခဲ့ပါတယ်။ ယခင်နှစ်ပြည် တွင်း ဈေးနှုန်းဖောင်းပွမှုကို ထိန်းချုပ်ဖို့ အစိုးရက အရန်သိုလှောင် ထားတဲ့ သီးနှံ တွေ ထုတ်ရောင်းခဲ့လို့လျော့ကျခဲ့တာတွေကို ဖြည့်ဆည်းဖို့ ဒီနှစ်မှာ ပြည်တွင်း တောင်သူတွေဆီက ပြောင်းတန်ချိန် ၁၀ သန်းဝယ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။     တရုတ်နိုင်ငံရဲ့ သကြားတင်သွင်းကိုတာဟာ ၂၀၀၄ ခုနှစ်ကတည်းက ပြောင်း လဲမှုမရှိဘဲ တန်ချိန် ၁ ဒသမ ၉၄၅ သန်းရှိနေဆဲဖြစ်ပါတယ်။ ပြည်တွင်းထွက်ရှိမှု တန်ချိန် ၁၂ သန်းသာရှိပြီး စားသုံးမှုတန်ချိန် ၁၄ သန်းအကြား  လိုအပ်ချက်ကို ပြည်ပမှတင်သွင်းနေရပါတယ်။ တင်သွင်းခြင်းဖြင့် ပြည်တွင်းဈေးကို ဖိအားဖြစ်စေ တာကြောင့် အစိုးရအနေနဲ့ သကြားတင်သွင်းကိုတာကို တိုးမြှင့်လိုခြင်း မရှိဘူးလို့ သိရပါတယ်။ယမင်းခင်Source: Dow  Jones