Main menu

Background

ထိုင်း၌ ရော်ဘာဈေးနှုန်းမြှင့်တင်ရန် ဝန်ကြီးဌာနမှ ဝင်ရောက်ဆောင်ရွက်

Mon, 01/16/2012 - 06:49 -- Anonymous (not verified)

    ထိုင်းစိုက်ပျိုးရေးဝန်ကြီးဌာနက ရော်ဘာထောက်ပံ့ရေး ရန်ပုံငွေကို ကျဆင်းနေတဲ့ ရော်ဘာဈေးနှုန်း ပြန်လည်မြှင့်တင် ပေးရန်အတွက်သုံးစွဲမယ်လို့ကတိပေးခဲ့ကြောင်း သိရပါတယ်။ ရော်ဘာပြန်လည်စိုက်ပျိုးရေး ရန်ပုံငွေရုံး (ORPAF) က ရော်ဘာ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာဖို့ ပြင်ဆင်ဖို့ကူညီပေးမယ်လို့လည်း သိရပါတယ်။ စိုက်ပျိုးရေးဝန်ကြီး၊ သမဝါယမဝန်ကြီးများနဲ့ ရော်ဘာစိုက်တောင်သူများ သုံးနာရီကြာ ဆွေးနွေးအပြီးမှာ ဝန်ကြီးဌာနက ကတိပေးခဲ့ခြင်းဖြစ်ပါတယ်။ တောင်ဘက်ပိုင်းဒေသရှိ ရော်ဘာစိုက်တောင်သူတွေက ဆွန်ခလာခရိုင်ရှိ အဝေးပြေးလမ်းမပေါ်မှာအင်္ဂါနေ့က ပိတ်ဆို့ဆန္ဒပြခြင်းကြောင့်လမ်းပိတ်ဆို့မှုတွေ ဖြစ်ပြီး အစိုးရအနေနဲ့ ဖိအားပေးခြင်းများခံခဲ့ရတယ်လို့ သိရပါတယ်။ အစိုးရက ၎င်းတို့ရဲ့ပြဿနာကို ပြေလည်အောင်မဖြေရှင်း နိုင်ခဲ့ရင်တောင်သူတွေကဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာရဲ့ အိမ်ရှေ့အထိသွားရောက် ဆန္ဒပြမယ်လို့ သိရပါတယ်။ ဆွေးနွေး ပွဲပြီးတဲ့နောက် နှစ်ဦးနှစ်ဖက်လုံးက ORPAF ဥပဒေမှာ ရော်ဘာကုန်ပစ္စည်းများ ပို့ကုန်ခွန်ကို ရော်ဘာ ဈေးမတည်ငြိမ်ခင် ရန်ပုံငွေထဲမှ ကျခံရမယ်လို့ ဥပဒေပြင်ဆင်ဖို့ သဘောတူခဲ့ပါတယ်။ ရော်ဘာဈေးကွက်မှာ ဒီရုံးရဲ့ပြင်ဆင်မှုက အရေးပါပြီး ဝန်ကြီးဌာနကလည်း တောင်သူတွေ မှတ်ပုံတင်ဆောင်ရွက်ဖို့ ပြောကြားခဲ့ပါတယ်။ ဒုတိယဝန်ကြီးချုပ် ဥက္ကဌအဖြစ်ပါဝင်တဲ့ အမျိုးသားရော်ဘာ မူဝါဒကော်မတီကိုတင်ပြပြီး ရလဒ်ကိုကြေညာပေးမှာ ဖြစ်ပါတယ်။ ကော်မတီကလည်း အလားအလာရှိတဲ့ အဆိုပြုလွှာကို အစိုးရအဖွဲ့ အစည်းအဝေးကို ဆက်လက်တင်ပြမှာဖြစ်ကြောင်းသိရပါတယ်။ လွန်ခဲ့တဲ့ လေးလကျော်ကတည်းက ရော်ဘာပြားတွေရဲ့ ဈေးနှုန်းကတစ်ကီလိုကို ဘတ် ၈၀ ဈေးကျခဲ့ပြီးထုတ်လုပ်မှုကုန်ကျစရိတ်က ၇၉ ဘတ်ကျော်ရှိကာ ရော်ဘာ အစေးဈေးနှုန်း က တစ်ကီလိုကို ၇၈ ဘတ်နီးပါးရှိကြောင်း သိရပါတယ်။ တောင်သူတွေအနေနဲ့ အလိုရှိတာက ဈေးကွက်ထဲမှာ ရော်ဘာမူဝါဒကော်မတီ ဝင်ရောက်ပါဝင်ပြီး တန်ချိန် ၂သိန်းခန့် ရှိတဲ့ ရော်ဘာပြားများအတွက် ရော်ဘာဈေး တစ်ကီလိုကို ဘတ် ၁၂၀ ရောက်အောင်ဆွဲတင်နိုင်ဖို့ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောကြားတယ်လို့ သိရပါတယ်။Source:Bangkak Post,K.Z.W