Main menu

Background

မလေးရှားလက်အိတ်လုပ်ငန်းများအတွက် ရွှေရောင်နေ့များပြန်ရောက်လာ

Mon, 01/16/2012 - 06:52 -- Anonymous (not verified)

     ယခုဖြစ်ပွားနေတဲ့ H5N1အမျိုးအစား ကြက်ငှက်တုပ်ကွေးရောဂါကို ကြေညာသည်ဖြစ်စေ၊ မကြေညာသည်ဖြစ်စေ မလေးရှား လက်အိတ်လုပ်ငန်းများအတွက်ကတော့ အဆိုးဆုံးအခြေအနေကို ကျော်လွန်သွားပြီ ဖြစ်ကြောင်း OSK   ကုမ္ပဏီရဲ့ သုတေသီများက ပြောကြားခဲ့ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဆက်လက်ပျံ့နှံ့မယ်ဆိုရင် ၂၀၀၉ ခုနှစ်မှာ H1N1  ဗိုင်းရပ်စ် ပျံ့နှံ့ခဲ့စဉ်ကလို လက်အိတ်ကဏ္ဍရဲ့ အလားအလာ အပေါင်းလက္ခဏာဆောင်မှာ ဖြစ်ကြောင်း ၎င်းသုတေသီများက ပြောကြားပါတယ်။ H1N1 ပျံ့နှံ့ခဲ့စဉ်က ရော်ဘာလက်အိတ်စတော့တွေ တက်ခဲ့ပြီး လုပ်ငန်းဝင်ငွေ ကောင်းခဲ့ကြောင်း သိရပါတယ်။ လက်အိတ် လုပ်ငန်းရဲ့ စုစုပေါင်းကုန်ကျစရိတ်မှာ ရော်ဘာအသုံးစရိတ်က ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ရော်ဘာဈေးကျ တဲ့ အဓိကအကြောင်း ရင်းကတော့ ကမ္ဘာ့ရော်ဘာသုံးစွဲမှုရဲ့ ၇၀ ရာခိုင်နှုန်းကို သုံးစွဲတဲ့ မော်တော်ကားကဏ္ဍက တာယာ သုံးစွဲမှုကျတာနဲ့ မကြာသေးမီ က ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ရေကြီးမှုက ရော်ဘာစိုက်ပျိုးရေးကို မထိခိုက်ခဲ့တာကြောင့် ဖြစ် ကြောင်း OSK  မှ ပြောကြားပါတယ်။ ၂၀၁၂ ဘဏ္ဍာနှစ်မှာတော့ ကျန်းမာရေးကဏ္ဍရဲ့ တောင်းဆိုမှုမရှိရင်တောင် ရော်ဘာကဏ္ဍ အပေါင်းလက္ခဏာဆောင်နိုင်ကြောင်း သိရပါတယ်။                                            Source: The Star,K.Z.W