Main menu

Background

မွန်ပြည်နယ်ရော်ဘာဈေးကွက် ဈေးနှုန်းငြိမ်သော်လည်း ထုတ်လုပ်မှုပိုနိုင်

Mon, 01/16/2012 - 06:57 -- Anonymous (not verified)

    ယခုနှစ် မွန်ပြည်နယ်ရဲ့ ရာသီဥတုမှာယခင်နှစ်ထက် အပူချိန်မြင့်မားခြင်းကြောင့် ရော်ဘာပင်များ ယခင်နှစ်ထက် တစ်လ စောပြီး၊ အရွက်ကြွေတာကို တွေ့ရပါတယ်။ တရုတ်နှစ်သစ်ကူးကာလဖြစ်လို့ ပြည်ပ ဝယ်လိုအား နည်းတာကြောင့် ပြည်ပဈေး နှုန်းလည်း အတက်အကျမရှိဘဲ ငြိမ်နေခဲ့ပါတယ်။ အလားတူ ပြည်တွင်း ဈေးနှုန်းမှာလည်း ၂၀၁၁ ခုနှစ်ကုန်မှာ ဖြစ်ပေါ်ခဲ့တဲ့  RSS(3)တစ်ပေါင် ၁၁၀၀ ကျပ်နဲ့  RSS(5) တစ်ပေါင် ၁၀၀၀ ကျပ်မှာ ၂၀၁၂ ခုနှစ်ဦးပိုင်းအထိ မပြောင်းလဲဘဲ တည်ငြိမ်လျက် ရှိတာတွေ့ရပါတယ်။    ဈေးနှုန်းမပြောင်းလဲဘဲ တည်ငြိမ်ခဲ့သလို အရောင်းအဝယ်လည်း ပုံမှန်ရောင်းဝယ်လျက်ရှိပါတယ်။ တင်ပို့မှု အနေနဲ့ ၂၀၁၂ ခု၊ ဇန်နဝါရီလ ၁ ရက်မှ ၆ ရက်ထိ တန် ၁၆၀၀ ခန့်တင်ပို့နိုင်ခဲ့လို့ ပြီးခဲ့တဲ့လ ကာလတူတင်ပို့မှု ပမာဏနဲ့တူညီကြောင်း တွေ့ရပါတယ်။ ယခုနှစ် မွန်ပြည်နယ်ရဲ့ ရော်ဘာအစေးလှီးဧက ၂ ဒသမ ၈ သိန်းကနေ တန်ချိန်ပေါင်း ၈၄၃၀၀ ထွက်ရှိဖို့ ရည်မှန်းထားခဲ့ရာ ၂၀၁၁ ခု၊ ဒီဇင်ဘာလကုန်ထိ ၇၅၈၀၀ တန်ထွက်ရှိခဲ့ပြီးဖြစ်လို့ ဘဏ္ဍာနှစ်ကုန်မှာ ရည်မှန်းချက်ထက် ပိုမိုထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းမိကြောင်းပါ။                                                           အောင်လွင်