Main menu

Background

ရေထွက်ပစ္စည်းလက်ခစားအပ်ကုန်စနစ် Contract Processing လုပ်ကြစို့

Mon, 01/16/2012 - 06:58 -- Anonymous (not verified)

         မြန်မာနိုင်ငံအနေဖြင့် ငါး/ပုစွန်များ မွေးမြူခြင်း၊ ဖမ်းဆီးခြင်း၊ပြုပြင်ထုတ်လုပ်ခြင်းနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေများ ရရှိလျက်ရှိပါသည်။ ၂၀၁၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၅၀ ခန့် ရရှိခဲ့ပါသည်။မိမိတို့၏ နိုင်ငံပိုင် သယံဇာတများ လျော့ နည်းကုန်ခမ်းခြင်းမရှိဘဲ ပြည်ပမှ သယံဇာတများကို မိမိ တို့နိုင်ငံရှိ ဝန်ထမ်းအင်အားနှင့် ထုတ်လုပ်မှုဆိုင်ရာ အဆောက်အအုံများအသုံးပြုခြင်းဖြင့် စက်ရုံများအတွက် ကုန်ကြမ်းအပြည့်အဝရရှိပြီး စက်ရုံများ စွမ်းအားပြည့် လည်ပတ်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိ ခြင်း၊ နိုင်ငံအတွက် အခြားနည်းလမ်းမှ ဝင်ငွေရရှိခြင်း စသော အကျိုးကျေးဇူးများကိုရရှိမည့် ပြည်ပမှ ရေထွက် ပစ္စည်းကုန်ကြမ်းများ တင်သွင်း၍ ပြုပြင်ထုတ်လုပ်ပြီး ပြည်ပသို့ပြန်လည်တင်ပို့မည့် လက်ခစားစနစ်  Contract Processing  လုပ်ငန်းများ ဆောင်ရွက်ခွင့် ရရှိရေး၊ မြန်မာ နိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်း ရှင်များအသင်းမှ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။နိုင်ငံ၏ သဘာဝသယံဇာတများ ထုတ်လုပ်ရောင်း ချရန်မလိုအပ်ဘဲ လူသားအရင်းအမြစ်နှင့်လုပ်သားအင် အားကိုအဓိကထားအသုံးပြုပြီး နိုင်ငံခြားဝင်ငွေအမြောက် အမြားရှာဖွေပေးနိုင်သော လက်ခစား အပ်ကုန်စနစ်  Contract Processing လုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ခြင်း ဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်ရေးနှင့် နိုင်ငံတော်မူဝါဒ ဖြစ်သော ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စသည့်အကျိုး အမြတ်များ  ရရှိနိုင်မည်ဖြစ်ပါသည်။ သို့ပါ၍ ရေထွက် ပစ္စည်း ပြုပြင်ထုတ်လုပ်သော လုပ်ငန်းရှင်များအနေဖြင့် လက်ခစားအပ် ကုန်စနစ်လုပ်ငန်းတွင်ပါဝင်လိုက ပါဝင် နိုင်ကြောင်း အသိပေးအပ်ပါသည်။Source:   ရေထွက်ပစ္စည်းသတင်းမှတ်တမ်း၊Issue-7/2011