Main menu

Background

ကမ္ဘာတွင် ပုစွန်ထုတ်လုပ်မှု ကျသော်လည်း အိန္ဒိယတွင် ပုစွန်ထုတ်လုပ်မှု မြင့်လျက်ရှိခြင်း

Mon, 01/16/2012 - 06:59 -- Anonymous (not verified)

              ပုစွန်ရောဂါကြောင့်သော်လည်းကောင်း ရာသီဥတုဖောက်ပြန်ပြီး ရေကြီးခြင်းကြောင့် ပုစွန်ထုတ်လုပ်မှုများ ကျဆင်းသော် လည်း အိန္ဒိယနိုင်ငံ၏ ပုစွန်ထုတ်လုပ်မှုမှာ မြင့်မားလျက်ရှိပါသည်။တရုတ်၊ ဗီယက်နမ်နိုင်ငံများတွင် ရောဂါကြောင့် ပုစွန်အထွက်နည်းပြီး ထိုင်းနိုင်ငံတွင် ရေကြီးခြင်းကြောင့် ပုစွန်အထွက် လျော့နည်းခဲ့ကြောင်း၊ အိန္ဒိယပင်လယ်စာ ပြည်ပတင်ပို့သောအဖွဲ့ ဥက္ကဋ္ဌက ပြောပါသည်။ အိန္ဒိယပုစွန်မွေးသူများအဖို့ ပျော်ရွှင် ဖွယ်ရာဖြစ်ပေါ်စေခဲ့ပါသည်။ မွေးမြူရေးပုစွန်ဖြူများအနေဖြင့် အရွယ်အစား သိသိသာသာကြီးစွာထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ ပင်လယ်ပြင်မှ ဖမ်းဆီးသောပုစွန်များအနေဖြင့် လျော့နည်းခဲ့ပါသည်။ ကမ္ဘာ့ဈေးကွက်သို့ ပုစွန်အရောက်နည်း သဖြင့် ပုစွန်ဈေးအမြင့်ဘက်တွင် ရပ်တည်နေပါသည်။ ဇွန်လအလယ်လောက်မှစ၍ မွေးပုစွန်များဖမ်းဆီးခဲ့ပါသည်။ လွန်ခဲ့ သော နှစ်တွင်အာရှ၌ ပုစွန်ထုတ်လုပ်မှု လျော့နည်းခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာဈေးကွက်သို့ိ ဦးဆောင်တင်ပို့နေသော ထိုင်းနိုင်ငံအနေဖြင့် ဇူလိုင်လတွင် အများဆုံးဖမ်းဆီးထုတ်လုပ်ရန် မျှော်မှန်းခဲ့ပါသည်။ ဤနှစ်တွင် ရေလွှမ်းမိုးမှုကြောင့် ဖမ်းဆီး ကာလနောက်ကျခဲ့ပြီး၊ ထုတ်လုပ်မှုအနေဖြင့် ၁၀-၁၅ ရာခိုင်နှုန်းကျခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ ပြည်တွင်းဈေးကွက်တွင် ပုစွန် ဈေးနှုန်း ၁၀ရာခိုင်နှုန်း တက်ခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ မဲခေါင်ဒေသ ခုနစ်ခရိုင်တွင် ပုစွန်ရောဂါပိုးဆိုးရွားစွာ ကျရောက်ခဲ့ပါ သည်။ အဆိုပါမဲခေါင်ဒေသအနေဖြင့် နိုင်ငံ၏ အဓိကမွေးမြူထုတ်လုပ်သော ဒေသဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့် ကုန်ကြမ်း များရှားပါးပြီး ထိုဒေသရှိ ပြုပြင်ထုတ်လုပ်သောစက်ရုံများသည် ထုတ်လုပ်နိုင်သောစွမ်းအား၏ ၅၀-၆၀ရာခိုင်ှုနှုန်း သာလည်ပတ်နိုင်ကြောင်း သိရပါသည်။အိန္ဒိယနိုင်ငံ၏ တောင်ဘက်တွင်မူ အခြေအနေမှာ ပြောင်းပြန်ဖြစ်ပြီး ဇွန်နှင့် ဇူလိုင်လများတွင် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်သော ပုစွန်များထုတ်လုပ်နိုင်ခဲ့သည်။ စက်ရုံများသို့ ကုန်ကြမ်းများ များစွာဝင်ရောက်လာသဖြင့် နှစ် ဆိုင်းခွဲပြီး၊ စက်ရုံစွမ်းအား၏ ၁၅၀-၂၀၀ရာခိုင်နှုန်းအထိ မြှင့်တင်လုပ်ငန်းများ ဆောင်ရွက်ခဲ့ရပါသည်။ အိန္ဒိယနိုင်ငံ၏ ပုစွန်များအား အမေရိကသို့တင်ပို့ရာတွင် ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ တင်ပို့နိုင်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံမှ ပုစွန်အဖြူအရွယ်အစားအကြီးများ အတွက် ဈေးအမြင့်များရခဲ့ပါသည်။ သြဂုတ်လတွင် ပင်လယ်မှ ဖမ်းပုစွန်နှင့် မွေးပုစွန်များကြောင့် ပြည်တွင်းပုစွန်ဈေးကျခဲ့ပါ သည်။ ကုန်တက်တဖြည်းဖြည်းကျလာခြင်းကြောင့် ပြည်တွင်းဈေးတည်ငြိမ်ခဲ့ပါသည်။ပုစွန်ဖြူပြောင်းလဲမွေးပြီးနောက် ပုစွန်တစ်ဟက်တာလျှင် ၁၀ တန်ထိ ထုတ်လုပ်နိုင်ကြောင်း မွေးမြူသူများက သတင်းပို့ပါ သည်။ အိန္ဒိယအရှေ့ပိုင်းဒေသများတွင် ပုစွန်ကျားများ ဆက်လက်မွေးနေစဉ် အိန္ဒိယတောင်ပိုင်းသည် ပုစွန်ဖြူမွေးမြူခြင်းကို ပြောင်းလဲခဲ့ပါသည်။ ပုစွန်ကျားများထုတ်လုပ်မှုမှာ ကျဆင်းခဲ့ပါသည်။Source: ရေထွက်ပစ္စည်းသတင်းမှတ်တမ်း၊Issue-7/2011