Main menu

Background

ဗီယက်နမ် ငါးဖမ်းသင်္ဘောများ အိမ်နီးချင်းရေပြင်များသို့ ဦးလှည့်နေပြီ

Mon, 01/16/2012 - 07:02 -- Anonymous (not verified)

              အင်ဒိုနီးရှားပင်လယ်ပြင်တွင် ငါး များပေါများနေသေးခြင်းကြောင့် မိမိတို့ ငါးဖမ်းသင်္ဘောများ သွားရောက်ငါးဖမ်း လိုသော်လည်း စည်းကမ်းချက်များနှင့် အကန့်အသတ်များပြားလွန်းလှကြောင်း ဗီယက်နမ်ရေထွက်ပစ္စည်း  ထုတ်လုပ် တင်ပို့ရေးအဖွဲ့မှ  ပြောကြားလိုက်ပါ သည်။ အင်ဒိုနီးရှားရေလုပ်ငန်းရှင်များ ကလည်း ဗီယက်နမ်၏ ဖမ်းဆီးမှုနည်း ပညာများကျွမ်းကျင်၊ ကြွယ်ဝမှုကြောင့် ပူးပေါင်းဆောင်ရွက် လိုကြသော်လည်း ဗီယက်နမ်လုပ်ငန်းရှင်များက သင်္ဘော အရွယ်အစား ၁၀၀ တန် အောက်ဖြစ် ရမည်။ အင်ဒိုနီးရှား ကပ္ပတိန်များသာ ဦးစီးရမည်။အရင်းအနှီး၏ ၈၀ရာခိုင်နှုန်း အားကုန်းပေါ်တွင် စက်ရုံများ တည် ဆောက်ရန် သုံးစွဲရမည်ဆိုသော စည်း ကမ်းချက်များအပြင် ၂၀၁၁ ခုနှစ် ဒီဇင် ဘာလတွင် အင်ဒိုနီးရှား ဘဏ္ဍာရေး ဝန်ကြီးဌာနက စာချုပ်  ချုပ်ပြီးသော ဗီယက်နမ်ကုမ္ပဏီများသည် သင်္ဘော တင်သွင်းခွင့်အနေဖြင့် ၅ရာခိုင်နှုန်း ထပ် မံပေးသွင်းရမည့် အမိန့်သစ် ထုတ်ထား ခဲ့သောကြောင့် လုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲမှုရှိနေကြောင်းနှင့် အဆိုပါကိစ္စရပ် များနှင့်ပတ်သက်၍ နှစ်နိုင်ငံမှတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဗီယက် နမ်နိုင်ငံသည် နှစ်စဉ်ကမ်းဝေးငါးဖမ်း သင်္ဘော ၂၀၀၀၀၊  ကမ်းနီးငါးဖမ်း သင်္ဘော ၁၁၀၀၀၀ ဖြင့် ပင်လယ်ငါး တန်ချိန် နှစ်သန်းအား ထုတ်လုပ်နေပြီး ဖမ်းဆီးရရှိမှုလျော့ပါးလာသဖြင့်လည်း ကောင်း၊ပြည်တွင်းပြည်ပဈေးကွက်အင် ဒိုနီးရှားအပြင် တောင်းဆိုမှုမြင့်မားလာ သဖြင့်လည်းကောင်း၊  ၎င်း၏  ငါးဖမ်း သင်္ဘောများအား သီရိလင်္ကာ၊ အိန္ဒိယ နိုင်ငံတောင်ပိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား နှင့် အာဖရိကရေပြင်များအထိ တိုးချဲ့ ဖမ်းဆီးရန် စီစဉ်ညှိနှိုင်းနေပြီး ဖိလစ်ပိုင်၊ မြန်မာနှင့် အင်ဒိုနီးရှား နိုင်ငံများနှင့်နား လည်မှုစာချွန်လွှာ  လက်မှတ်ထိုးရန် ဆွေးနွေးလျက်ရှိရာ တရုတ်နိုင်ငံနှင့် တုံ ကင်ပင်လယ်ကွေ့တွင် ပူးပေါင်းငါးဖမ်း ရန်သဘောတူညီမှုရပြီး ဖြစ်ကြောင်းများ လည်းသိရသည်။Source: ရေထွက်ပစ္စည်းသတင်းမှတ်တမ်း၊ Issue-7/2011