Main menu

Background

ကျောက်ဆည်ခရိုင်ရှိ တောင်သူနှင့် အင်းလုပ်သားများ ဟင်းစားရရန်နှင့် ဝင်ငွေရရှိရန် ငါးမျိုး ၂၇၅၇၈၁ ကောင် စိုက်ထည့်ပေး

Mon, 01/16/2012 - 07:01 -- Anonymous (not verified)

            ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဆည်တမံ၊ အင်းနဲ့ သဘာဝကွင်းများမှာ ငါးမျိုး ၂၇၅၇၈၁ ကောင်ကို ကြိမ်ရေ ၁၇ ကြိမ် စိုက်ထည့်ပေးခဲ့ကြောင်း သိရပါတယ်။ကျောက်ဆည်ခရိုင်ဦးစီးမှူး ဦးသက်အေးက "ကျောက်ဆည်ခရိုင်မှာ အင်းအလုံး ၄၀ ရှိတယ်။ ၁၄ အင်းက ငါးရှဉ့်အဓိကမွေးတယ်။ ၁၆ အင်းမှာ ငါးမျိုးစိုက်ထည့်ပေးတယ်။ ငါးခုံးမကြီး၊ ငါးသန်၊ ငါးမုံကြီးမျိုးတွေကို စိုက် ထည့်ပေးတယ်။ ငါးအထွက်တိုးအောင်လို့ ပိုက်လှောင်အိမ်စနစ်နဲ့ မွေးပေး တယ်။ ပုလိပ်အင်း၊ ရှိန်းကျော်အင်း၊ ရွှေအင်း၊ မြစ်သာနဂါးပတ်အင်း၊ စွန်ရဲ အင်း၊ အင်းလျားအင်းတွေမှာ ပိုက်လှောင်အိမ်စနစ်နဲ့ မွေးပေးတယ်။ ပိုက် လှောင်အိမ်စနစ်က ပိုက်နဲ့ထည့်ပြီး ကြီးမှအင်းထဲကို လွှတ်ပေးတော့ ငါးကြီး တွေစားလို့မရဘူး။ အင်းတွေထဲကို ငါးသန်ကောင်ရေ ငါးသိန်းစိုက်ထည့် ပေးထားတယ်။ လယ်ထဲနဲ့ သဘာဝရေလျှံကွင်းရယ်၊ ငါးရှဉ့်အင်းထဲကိုလည်း ငါးရှဉ့်နဲ့ငါးမျိုး စိုက်ထည့်ပေးထားတယ်။ ငါးမျိုး တစ်ကောင်ကို မတ်လနဲ့ စက်တင်ဘာလမှာ နှစ်ကြိမ်သားပေါက်တယ်။ ဥဆောင်နှုန်းက ၂၃၄ ကောင်ကနေ ၁၃၂၈ကောင်ထိ ဥအုနိုင်တယ်။ တောင်သူတွေအနေနဲ့ ဟင်း မရှိရင် ဟင်းစားလည်းရမယ်။ ငါးဖမ်းပြီး ရောင်းစားရင်လည်း ဝင်ငွေရမယ်" လို့ ပြောပါတယ်။ပိုက်လှောင်အိမ်စနစ်နဲ့ ငါးမျိုးစိုက်ထည့်ခြင်းကြောင့် ငါးရှင်သန်နှုန်း မှာ ၄၀ ရာခိုင်နှုန်းထိ အဖတ်တင်နိုင်ကြောင်း သိရပါတယ်။ ယခင်နှစ်က ငါးရှဉ့်ဈေးကောင်းရရှိပြီး နထစသမအ ဈေးကွက်ကောင်းတဲ့ ငါးရှဉ့်များကိုလည်း မျိုးစိုက်ထည့်ပေးလျက်ရှိကြောင်း သိရပါတယ်။                 ဇူးဇူး