Main menu

Background

တရုတ်နှစ်သစ်ကူး ရာသီနီးလို့ ငါးရှဉ့်လေလံဈေးမြင့်

Mon, 01/16/2012 - 07:04 -- Anonymous (not verified)

               ယခုတစ်ပတ်တွင် တရုတ်နှစ်သစ်ကူးရာသီနီးလာလို့ တရုတ်ဝယ် လက်များမှ ငါးရှဉ့်လေလံ အမြင့်ဈေးပေး ဝယ်လာကြောင်းသိရပါတယ်။ လတ်တလောမှာ ရာသီဥတုအေးနေခြင်း၊ ယခုအချိန် ရေနည်းနေခြင်း ကြောင့် ငါးရှဉ့်အထွက်နည်းချိန်ဖြစ်လို့ တရုတ်နိုင်ငံသို့ တင်ပို့မှုနည်းနေ ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးထွက် ငါးရှဉ့်များသာတင်ပို့မှုရှိပြီး၊ မန္တလေး နဲ့ စစ်ကိုင်းမှ ငါးရှဉ့်များတင်ပို့မှုမရှိသေးကြောင်း သိရပါတယ်။ မန္တလေးမြို့ ငါးရှဉ့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ  ဦးဝင်းမြင့်က "နှစ်သစ်ကူးနီးတဲ့အချိန်မှာ ကုန်ရှားချိန်ဖြစ်ပြီး ဝယ်လိုအားများတဲ့အတွက် လေလံဈေးမြင့်တက်လာတာ။ တစ်ရက်ကို ရန်ကုန်တိုင်းဒေသကြီးဘက်က ထွက်တဲ့ ကုန်ချိန် ၁၅ တန်နဲ့ တန် ၂၀ ကြား၊ မူဆယ် ၁၀၅ မိုင်ကိုတင်ပို့နေ ရတယ်။ နှစ်စမှာ အမြင့်ဆုံးဈေးနဲ့စဖွင့်လို့ ရေလုပ်သားတွေအတွက် အကျိုးရှိတယ်။ မန္တလေးနဲ့ စစ်ကိုင်းထွက်ကုန်က ဖေဖော်ဝါရီလကုန်၊ မတ်လပိုင်းမှစထွက်လိမ့်မယ်။ ရန်ကုန်ဘက်ကလာတဲ ကုန်တွေကို မန္တလေး မြို့၊ နတ်ရေကန်မှာရှိတဲ့ ရေလှယ်ရုံမှာ ရေလှယ်ရေသန့်စင်ပြီးမှ မူဆယ် ၁၀၅ မိုင်ကို တင်ပို့နေပါတယ်"လို့ ပြောပါတယ်။ ငါးရှဉ့်လေလံဈေးနှုန်းမှာ အနိမ့်ဆုံးဈေးတစ်တန် ၃၅၀၀ ဒေါ်လာ စဖွင့်၍ ယခုနှစ်စ ပထမပတ်တွင် တစ်တန် ၅၁၀၀ ဒေါ်လာ၊ ၅၂၀၀ ဒေါ်လာထိ အမြင့်ဆုံးဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ၂၀၁၁ နှစ်ကုန်ပိုင်းမှာ တစ်တန် ၄၅၀၀ ဒေါ်လာဈေးဖြင့် အရောင်းအဝယ် ရှိခဲ့ရာမှ ကုန်ရှားခြင်းကြောင့် ဈေးနှုန်းမြင့်တက် လာခြင်းဖြစ်ကြောင်းသိရ ပါတယ်။                                                   ဇူးဇူး