နှစ်ဆန်းပိုင်းကာလ ရန်ကုန်မြို့ ကားဈေးကွက်အခြေအနေမှာ အသစ် တင်သွင်းလာသော ကားများ ရောင်း အားရှိနေပြီးအခြားကားများပါ အနည်း ငယ်ဈေးမာလာကြောင်းသိရသည်။နယ် ဝယ်လက်များဆင်းသဖြင့် အသစ်သွင်း ကားများ အရောင်းအဝယ်ဖြစ်နေကာ အများကြိုက်ကားများဖြစ်သော တိုယို တာမတ်(ခ်)တူး၊ တိုယိုတာကရောင်း၊ ပါဂျဲရိုး၊ အခြားဝက်ဂွန်များ ရောင်းအား ကောင်းသဖြင့် ကြိုတင်စရန် သတ်ဝယ် ယူမှုများရှိနေကြောင်း သိရသည်။ဌာနဆိုင်ရာ သတင်းများအရ ယာဉ် အို/ဟောင်းများ အပ်နှံမှုစီးရေ နှစ် သောင်းကျော်ရှိနေပြီး ကားတင်သွင်းခွင့် ပါမစ်ထုတ်ပေးမှုမှာ စီးရေတစ်သောင်း ခုနစ်ထောင်ကျော်ရှိကြောင်း၊ ဆိပ်ကမ်း မှထုတ်ယူပြီးကားစီးရေမှာ တစ်သောင်း ကျော်နေပြီဖြစ်ကြောင်း သိရှိရသည်။ဆိပ်ကမ်းရောက်ရှိထုတ်ပြီး ကား အပြင် ယခုအခါ ကားအရောင်းပြခန်း တွင်လည်း ယာဉ်အပ်နှံစလစ်ရှိသူများ ကားသစ်ဝယ်ယူခွင့်ရှိပြီဖြစ်သောကြောင့် စုစုပေါင်း ဈေးကွက်ထဲသို့ စီးရေတစ် သောင်းသုံးထောင်ကျော်ခန့် ရောက်ရှိ ပျံ့နှံ့နေပြီဖြစ်သော်လည်း ယခုအချိန်ထိ ဝယ်လိုအား ကောင်းနေဆဲဖြစ်ကြောင်း အပေါ်ဝိုင်းမှ ဝါရင့်အကျိုးဆောင် ကိုမြင့်ကျော်မှ ပြောသည်။ကားသစ်များ ရောင်းပန်းဝယ်ပန်း ကောင်းနေမှုနှင့်အတူ အခြားကားများ (ယခင်ရှိနှင့်ပြီးကားများ)လည်း ဈေး အနည်းငယ်မြင့်တက်ကာ အရောင်း အဝယ်ရှိလာကြောင်းသိရသည်။ တန်ဖိုး နည်း ကားသစ်များဖြစ်သော တရုတ် နိုင်ငံထုတ် ချယ်ရီဝက်ဂွန်ကားသစ်များ လည်းအဝယ်များသဖြင့်ဒုတိယအသုတ် ထပ်မံတင်သွင်း ရောင်းချပေးမည်ဖြစ် ကြောင်းသိရပြီး၊ ယခုလတ်တလော ဈေးကွက်ထဲတွင် ကျပ်သိန်း ၁၃၀၊ ၁၃၅ သိန်းခေါ် ရောင်းကြကြောင်း၊ မြန်မာ မီနီဆလွန်းအတော်များများမှာမူ အငှား ယာဉ်(တက္ကစီ) လုပ်ငန်း ပြောင်းလဲလုပ် ကိုင်ကြကြောင်း သိရသည်။ကားဈေးတန်းများ အနည်းငယ် မာလာမှုနှင့်အတူ ကားစလစ်ဈေးနှုန်း များလည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ လယ်ခန့်မှစ၍ ဈေးတဖြည်းဖြည်းမြင့် တက်လာခဲ့ရာ ယခုအပ်နှံလက်ခံသည့် နောက်ဆုံးအက္ခရာဆိုလျှင် ကျပ် ၁၃၅ သိန်း ၁၄၀သိန်းဈေးရှိပြီး နောင်လာ မည့်အက္ခရာများမှာ ကြီးစဉ်အလိုက် သိန်း ၁၀၀ အထက်ဈေးဖြတ် ရောင်းချ ကြ ကြောင်းသိရသည်။ SN
Background