မန္တလေးသစ်သီးပွဲရုံများမှာ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါကလာတဲ့ လိမ္မော်သီး၊ ရှမ်းပြည် နယ် တောင်ပိုင်း ရပ်စောက် လိမ္မော်သီးနဲ့ မိုးကုတ်လိမ္မော်သီးများ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါတယ်။ သီပေါသီးကတော့ ပိဿာ ၁၀၀ ကို အလုံးကြီး ကျပ် ၈၀၀၀၀၊ အလတ်သီး ကျပ် ၆၀၀၀၀၊ အသေး ကျပ် ၄၀၀၀၀၊ ရပ်စောက်သီးကတော့ အဝင်နည်းပြီး ဈေးကောင်းလျက်ရှိကြောင်း၊ ပိဿာ ၁၀၀ ကို ကျပ် ၈၀၀၀၀ နှုန်း ရောင်းချကြောင်း၊ မိုးကုတ်သီးကတော့ ကျပ် ၅၀၀၀၀၊ ၆၀၀၀၀ နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးပွဲရုံဈေးကွက်မှ သိရပါတယ်။ အေးအေးမြင့်ခ
Background