X-5D အဆင့်မြင့် ဗီဒီယို ပြည်တွင်းတွင် ပထမဦးဆုံးဖွင့်လှစ်
X-5D အဆင့်မြင့် ဗီဒီယိုအား မန္တလေးမြို့ ၆၂ လမ်းနှင့် သိပ္ပံလမ်း ထောင့်ရှိ မနော်ရမ္မံဥယျာဉ်တွင် ဇန်န ဝါရီ ၈ ရက်က စတင်ဖွင့်လှစ်လိုက် ကြောင်း သိရပါတယ်။X-5D အဆင့်မြင့်ဗီဒီယိုကို တရုတ် တိုင်ပေမှ တင်သွင်းကာ လတ်တလော တွင် အခန်း လေးခန်းတည်ဆောက်ပြီး ပြသလျက်ရှိပါတယ်။ X-5D အဆင့်မြင့် ဗီဒီယိုအား ပိတ်ကားတွင် Projector ဖြင့်ပြသမှာဖြစ်ပြီး ဇာတ်ကားတွင်ကြည့် ရှုရသည့်အတိုင်း ကြည့်ရှုသူကိုယ်တိုင် ထိတွေ့ခံစားရမှာ ဖြစ်ပါတယ်။ မနော်ရမ္မံဥယျာဉ်မှ ကိုနိုင်မိုးလွင်က "X-5Dအဆင့်မြင့်ဗီဒီယိုက ပြည်တွင်း မှာ ပထမဆုံးစတင်ပြသတာ။ ဆက်ပြီး တော့လည်း အဆင့်မြင့်မြင့် ကစားနိုင် မယ့် ဖျော်ဖြေနိုင်မယ့်ပစ္စည်းတွေ တင် သွင်းဖို့ အစီအစဉ်ရှိတယ်။ X-5D ကို ရိုးရိုးအကြည်မျက်မှန် တပ်ကြည့်ရမယ်။ 3D မျက်မှန်လို အပြာရောင်၊ အစိမ်း ရောင်မဟုတ်ဘူး။ ရှေ့ ၃ ယောက်၊ နောက် ၃ ယောက်ထိုင်ကြည့်လို့ရမယ်။ ဇာတ်ကားထဲမှာ လှုပ်ရှားတဲ့အတိုင်း အပြင်မှာပါ ခံစားပြီး ကြည့်ရမယ်။ မိုးရွာ တာ၊ လေတိုက်တာ၊ မီးတောင်တွေ၊ ရေအောက်ကမ္ဘာတွေကြည့်ရရင်အပြင် မှာ ကိုယ်ရောက်ရှိနေတဲ့အတိုင်း ခံစား ကြည့်ရှုရမှာဖြစ်တယ်။ ကားမောင်းရင် မောင်းနေတဲ့အတိုင်း ခုံလှန်တာ၊ ကွေ့ လိုက်တာတွေပါ ခံစားရမယ်။ ဗီဒီယို အခန်းတွင်းကို မုန့်၊ အအေး၊ ရေသန့်ဘူး ယူဆောင်ခွင့်မပြုဘူး။ ကြည့်ရှုနေချိန်မှာ ထိုင်ခုံပေါ်က အောက်ကို လုံး၀ မဆင်း ရဘူး။ ကင်မရာ၊ ဓာတ်မီး၊ မီးခြစ်၊ ဖုန်း ယူဆောင်ခွင့်မပြုဘူး။ နှလုံးရောဂါရှိသူ၊ တက်တတ်သူတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေကို ကြည့်ရှုခွင့်မပြုဘူး" လို့ ပြောပါတယ်။X-5D အဆင့်မြင့်ဗီဒီယို ှခမနနည များမှာ အလျား ၉ ဒသမ ၅ ပေ၊ အနံ ၆ ပေရှိပြီး Software ၊ Hardware များဖြင့်ချိတ်ဆက်ကာ အဆင့်မြင့်နည်း ပညာများဖြင့် ဖန်တီးထားခြင်းဖြစ် ကြောင်း သိရပါတယ်။ မီးပျက်ပါက UPS စက်ကြီးများဖြင့် ချက်ချင်းပြသ နိုင်မှာဖြစ်ပြီး ဝန်ထမ်းတစ်ဦးစောင့်ကြပ် ပြီး၊ အခန်းပြင်ပတွင် တီဗွီတွင်ကြည့်ရှု၍ အန္တရာယ်မရှိစေနိုင်ကြောင်း သိရပါ တယ်။ တစ်ဦးကို ကျပ် ၁၂၀၀ နှုန်းဖြင့် မနက် ၁၀ နာရီမှ ည ၁၀ နာရီထိ ကြည့် ရှုနိုင်ပြီး ဇာတ်ကားတစ်ကားကို အနည်း ဆုံး ၁၀ မိနစ်မှ အများဆုံး ၁၅ မိနစ်ပြ သမှာဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
