တိုကျို အိန္ဒိယနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ မြန်နှုန်းမြင့် ရထားနည်းပညာကို ရေး ဆွဲချမှတ်နိုင်ရေးအတွက် အစိုးရပိုင်းမှ အဆင့်မြင့် ပူးတွဲအဖွဲ့တစ်ဖွဲ့ကို ထူ ထောင်ဖို့ ဂျပန်မြေယာ၊ အခြေခံ အဆောက်အဦ၊ သယ်ယူပို့ဆောင် ရေးနဲ့ ခရီးသွားဝန်ကြီး တာကဲရှီမာ အဲဒါနဲ့ အိန္ဒိယ မီးရထားဝန်ကြီး ဒင်နက်ရှ်ထရီဗက်ဒီတို့ ဇန်နဝါရီ ၁၂ ရက်ကနယူးဒေလီမှာ သဘောတူခဲ့ ကြပါတယ်။Mainichi Japanနယူးဒေလီ အိန္ဒိယနိုင်ငံရဲ့ စက်မှုကုန်ထုတ် လုပ်မှုက နိုဝင်ဘာမှာ ပြန်လည် နာလန်ထူလာပြီး ယိုင်နဲ့နေတဲ့စီးပွား ရေး အတွက် အကောင်းမြင်ဘက်ကို ရောက်ရှိ စေခဲ့ပါတယ်။ စက်မှု၊ သတ္တုနဲ့ လျှပ်စစ်ကဏ္ဍတို့ရဲ့ နိုဝင်ဘာ တိုးတက်မှုက ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိပြီး ဇွန်လနောက်ပိုင်း တိုးတက်မှု အမြန်ဆုံးဖြစ်ခဲ့ပါတယ်။ွှ့The Business Timesဘရန်ဖတ် နိုင်ငံတော် ကြွေးမြီ အကျပ် အတည်းက စီးပွားရေးအလားအလာ ကို အကျဘက်သို့ဦးတည်စေခဲ့ပေမဲ့ ယူရိုဇုန်ရဲ့ စီးပွားရေးက တည်ငြိမ်တဲ့ လက္ခဏာတွေကိုပြသလာကြောင်း ဥရောပဗဟိုဘဏ်ဥက္ကဌ မာရီယိုဂီက ပြောကြားပါတယ်။The Business Timesမီလန် စီးပွားရေး ဆုတ်ကပ်အတွက် စိုးရိမ်မှုတွေက ဝယ်လိုအားကို ကျ ဆင်းစေပြီး ရောင်းလိုအားကို ခိုင်မာ စေတဲ့အတွက် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းတွေက ဆက်လက်ကျဆင်း မဲ့ လက္ခဏာရှိနေပါတယ်။ ဒါပေမဲ့ ရာသီဥတု ဆိုးဝါးမှုနဲ့ ဝယ်လိုအားမြင့် တက်မှုကြောင့် ဈေးနှုန်းတွေ ပြန် လည် မြင့်တက်လာနိုင်တယ်လို့ ကုလ သမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က ဇန်နဝါရီ ၁၂ ရက်က ပြောပါတယ်။The Business Timesပဲရစ် Standard and Poor's ကြွေးမြီအဆင့်သတ်မှတ်ရေးအေဂျင်စီ က ပြင်သစ်၊ သြစတြေးယား၊အီတလီ နှင့် စပိန်တို့ရဲ့ နိုင်ငံတော် ကြွေးမြီ အဆင့်ကိုလျှော့ချသတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဥရောပမှာ စီးပွားရေးအရ အင်အား အကြီးမားဆုံးဖြစ်တဲ့ ဂျာမနီ နိုင်ငံရဲ့ ကြွေးမြီအဆင့်ကို A သုံးလုံး အဆင့်အတိုင်း အပြောင်းအလဲ မရှိ ဘဲ သတ်မှတ်ခဲ့ပါတယ်။AFP
Background