Main menu

Background

ဟွန်ဒိုင်းကီးယားက ဥရောပနဲ့ အမေရိကန်ဈေးကွက်ကို ခြေဆန့်

Mon, 01/16/2012 - 07:43 -- Anonymous (not verified)

    ဥရောပတွင်လူသိနည်းနေဆဲဖြစ်ပြီး အမေရိကန် ပြည် ထောင်စုမှာ လူသိများလာတဲ့ တောင်ကိုရီးယား ဟွန်ဒိုင်းနဲ့ ညီနောင်ကုမ္ပဏီကီးယားတို့က အမျိုးသားလုပ်ငန်းတွေနဲ့ ဂျပန် စီးပွားရေးလုပ်ငန်းတွေ လွှမ်းမိုးနေတဲ့ ဒီဈေးကွက်တွေထဲကို ခြေဆန့်လာပါတယ်။ ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့အရောင်း ၁၅ ရာခိုင် နှုန်းမြင့်တက်ပြီး ယာဉ် ၆ ဒသမ ၆ သန်းထိတိုးတက် မြင့်မားလာတဲ့ ဟွန်ဒိုင်းနဲ့ ကီးယားတို့က ယခုအချိန်မှာ ကမ္ဘာ့ မော်တော်ကား ရောင်းချမှုမှာ ပÍ္စမနေရာကိုရောက်ရှိလာပါ တယ်။     ယခုနှစ်အတွင်းမှာ ရောင်းချရမဲ့ကားစီးရေက ၇ သန်းကို ကျော်ဖြတ်သွားဖို့ ရည်မှန်းချက်ချထားပြီး ယှဉ်ပြိုင် မှုမြင့် မားပြီး ရင့်ကျက်နေပြီဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပဈေးကွက်တွေကို မဟာဗျူဟာအရ  အဓိကနေရာ တွေအဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၁၁ ခုနှစ်က ဥရောပ မှာ ကီးယားရဲ့အရောင်းက ၁၂ ရာခိုင်နှုန်းမြင့်တက် ပြီး၊ ဟွန်ဒိုင်းက ၁၁ ရာခိုင်နှုန်းမြင့်တက်ပါတယ်။ ကုမ္ပဏီနှစ်ခု ပေါင်း ရောင်းအားက စီးရေ ၉၆၂၅၀၀ ရှိခဲ့ပါတယ်။    အမေရိကန်ပြည်ထောင်စုမှာ အခြေအနေပိုကောင်း ပါတယ်။ ဟွန်ဒိုင်းက ၂၀ ရာခိုင်နှုန်းနဲ့ ကီးယားက ၃၆ ရာခိုင်နှုန်းမြင့်တက်ပါတယ်။ နှစ်ခုပေါင်းရောင်းအားက စီးရေ ၁ ဒသမ ၁ သန်းရှိပြီး စံချိန်တင် မြင့်တက်ခဲ့ပါတယ်။Source: economictimes.indiatimes.com