Main menu

Background

၂၀၁၂ ခုနှစ်တွင် စင်ကာပူမှာ ဆောက်လုပ်ရေးလုပ်ငန်း ဝယ်လိုအား ကျဆင်းနိုင်

Mon, 01/16/2012 - 07:41 -- Anonymous (not verified)

    ၂၀၁၂ ခုနှစ်မှာ စင်ကာပူနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှ ဝယ်လို အားက စင်ကာပူဒေါ်လာ ၂၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၃ ဘီလီယံ) နှင့် စင်ကာပူဒေါ်လာ ၂၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ) အကြားရှိလိမ့်မယ် လို့ ခန့်မှန်းကြောင်း အဆင်မြင့်အရာရှိ တစ်ဦးက ဇန်နဝါရီ ၁၁ ရက်က ပြော ပါတယ်။ ၂၀၁၁ ခုနှစ်က ဝယ်လိုအားက စင်ကာပူဒေါ်လာ ၃၂ ဘီလီယံ (အမေ ရိကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ) ရှိခဲ့တယ်လို့ အမျိုးသားဖွံ့ဖြိုးမှုနဲ့ လူအင် အားပြည်နယ်ဝန်ကြီး တန်ဟွမ်ဂျင်က ပြောပါတယ်။    မည်သို့ပင်ဆိုစေကာမူ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ချုပ်ဆိုခဲ့တဲ့ ကန်ထရိုက် စာချုပ်တွေနဲ့ ဆက်လက်ဆောင်ရွက် ဆဲ ဖြစ်တဲ့ မြို့ပြအင်ဂျင်နီယာ စီမံကိန်း တွေကို ပေါင်းလိုက်ရင်ဆောက်လုပ်ရေး ကဏ္ဍရဲ့ ဝယ်လိုအားခိုင်မာနေဆဲ ဖြစ် ကြောင်းတန်ကပြောပါတယ်။ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အတွက် ဝယ်လို အားကစင်ကာပူဒေါ်လာ ၁၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇ ဘီလီယံ) နဲ့ စင်ကာပူဒေါ်လာ ၂၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃ ဘီလီယံ) ကြား နှစ်စဉ်ရှိသွား မှာဖြစ်ကြောင်း သူကပြောပါတယ်။ Source: xinhua